ကိုယ်တိုင် ဆုံးဖြတ် စီမံပိုင်ခွင့် ဆော်ဒီ အမျိုးသမီးထု တောင်းဆို

  • 26 စက်တင်ဘာ 2016
saudi_women
Image caption ဆော်ဩ လှုပ်ရှားမှု တွေဟာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာ တွေ အထက် ပြန့်နှံ့။

ဆော်ဒီ အာရေဗျ နိုင်ငံမှာ အမျိုးသမီး တိုင်း အတွက် အမျိုးသား အုပ်ထိန်း စောင့်ရှောက်သူ တစ်ဦးစီ ထားရှိရတဲ့ စနစ်ကို ဖျက်သိမ်း ပေးဖို့ ဆော်ဒီ အမျိုးသမီး ဦးရေ တစ်သောင်း လေးထောင် ကျော် စုပေါင်း လက်မှတ် ထိုးပြီး အစိုးရထံ စာရေးသား တောင်းဆို လိုက်ပါ တယ်။

ဆော်ဒီအာရေဗျ နိုင်ငံမှာ အမျိုးသမီး တွေ ဟာ ခရီး သွားတဲ့ အခါမှာ ဖြစ်စေ၊ လက်ထပ် တဲ့ အခါ ဖြစ်စေ၊ တခါတရံ အလုပ်လုပ်ဖို့ စာသင်ဖို့လို ကိစ္စ မျိုးတွေ မှာပါ အမျိုးသား အုပ်ထိန်း စောင့်ရှောက်သူ ရဲ့ သဘောတူ ခွင့်ပြုချက် ရရှိဖို့ လိုအပ် ပါတယ်။

အဲဒီ စနစ်ကို ဖျက်သိမ်းရေး ဆော်ဩ လှုပ်ရှားမှု တွေဟာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာ တွေ အထက် ပြန့်နှံ့ လာပါတယ်။

အခုဆိုရင် ဆော်ဒီ အစိုးရ အနေနဲ့ ဒီ တောင်းဆိုမှု အပေါ် တုံ့ပြန် လာရတော့မှာ ဖြစ်တယ်လို့ တက်ကြွ လှုပ်ရှားသူ တစ်ယောက် ဖြစ်တဲ့ အဇီဇာ အယ်လ်- ယူစွဖ် က ပြောပါတယ်။

ဆော်ဒီ ဘုရင် ရဲ့ ရုံးခန်းကိုလည်း တစ်ဦးချင်းစီ တိုက်ရိုက် ကြေးနန်း စာ ပို့ပြီး တောင်းဆို နေကြတဲ့ အမျိုးသမီး တွေ ရာပေါင်း များစွာ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ