အမေရိကန်သမ္မတလောင်းတွေ ပထမဆုံး စကားစစ်ထိုး

  • 27 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption စကားစစ်ထိုးပွဲဟာ သမ္မတရွေး ကောက်ပွဲမှာ အနိုင်ရနိုင်တဲ့ အထိ အရေးပါ။

အမေရိကန် သမ္မတလောင်း ဟီလာရီကလင်တန်နဲ့ ဒေါ်နယ်ထရမ့်တို့ရဲ့ ပထမဆုံး ရုပ်မြင်သံကြားပေါ်က အခြေအတင် စကားစစ်ထိုးပွဲမှာ နှစ်ဖက် ပြင်းပြင်းထန်ထန် အပြန်အလှန် ထိုးနှက် ပြောဆိုခဲ့ကြ ပါတယ်။

တစ်နာရီခွဲကြာ စကားစစ်ထိုးပွဲမှာ သမ္မတလောင်း နှစ်ယောက်တို့က စီးပွားရေး၊ အခွန်အကောက်ကိစ္စ၊ ဘာသာ လူမျိုး မတူသူတွေ အချင်းချင်း ဆက်ဆံမှုနဲ့ လုံခြုံရေး ကိစ္စရပ်တို့ကို ပြောခဲ့ကြ ပါတယ်။

အဲဒီ အခြေအတင်စကားစစ်ထိုးပွဲမှာ ဒေါ်နယ် ထရမ့်က မစ္စစ် ကလင်တန် ပြောဆိုနေချိန်မှာ မကြာခဏ ကြားဖြတ်ပြီး သူအစိုးရ အဖွဲ့ထဲမှာ ပါရှိခဲ့ချိန်က နိုင်ငံအတွက် ပြဿနာတွေ ဖြစ်အောင်ဖန်တီးခဲ့တယ်လို့ ဝင်ရောက်ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် မစ္စစ် ကလင်တန်ဟာ သမ္မတ ဖြစ်လောက်အောင် စိတ်ကြံ့ခိုင်မှု မရှိဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။

ဟီလာရီ ကလင်တန်ကလည်း သူ့ပြိုင်ဖက်ဟာ သူ့ကမ္ဘာထဲမှာပဲ သူနေပြီး အခွန်ပေးဆောင်မှုနဲ့ ပတ်သက်လို့ ဖုံးကွယ် ထားတယ်လို့ စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

တခါ မစ္စတာ ထရမ့်က မစ္စစ် ကလင်တန် နိုင်ငံခြားရေး ဝန်ကြီး တာဝန်ယူခဲ့တုန်းက အီးမေးလ်ပေါင်း သုံးသောင်းကျော်ကို ထုတ်ပြန်ပေးမယ်ဆိုရင် သူ့ရဲ့ အခွန်ဆောင်ထားတဲ့ ပြေစာကို ထုတ်ပြန်မယ်လို့ ပြောပါတယ်။

အဲဒီ အခြေအတင်စကား စစ်ထိုးပွဲကို ရုပ်မြင်သံကြား ပရိတ်သတ် သန်း ၁၀၀ ကျော် စောင့်ကြည့်ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ