အိုဘားမား ဗီတို အာဏာကို ကွန်ဂရက်စ်က မဲခွဲ ပယ်ချ

  • 28 စက်တင်ဘာ 2016
obama_saudi
Image caption လေယာဉ် ပြန်ပေးဆွဲသူ တွေရဲ့ နောက်ကွယ်မှာ ကျောထောက် နောက်ခံ ပြုပေးခဲ့တယ် ဆိုတဲ့ စွဲချက်နဲ့ တချို့က ဆော်ဒီ အစိုးရ အပေါ် တရားစွဲဆို ဖို့ လိုလား နေ။

ဆော်ဒီအာရေးဗျ အစိုးအရ အပေါ် တရား စွဲဆိုခွင့် ပြု ထားတဲ့ ဥပဒေ ကြမ်းကို သမ္မတ အိုဘားမားက ဗီတို အာဏာသုံး ကန့်ကွက် ထား ခဲ့ပေမယ့် အခု အခါမှာတော့ ကွန်ဂရက်စ် လွှတ်တော်က သမ္မတရဲ့ ဗီတိုအာဏာကို တန်ပြန် ပယ်ချ လိုက်ကြ ပါတယ်။

ကွန်ဂရက်စ် လွှတ်တော်တွင်း မဲခွဲ ဆုံးဖြတ် ခဲ့ကြတာ ဖြစ်ပြီး၊ သမ္မတ အိုဘားမားရဲ့ ဗီတို အမိန့်ကို ဆန့်ကျင်တဲ့ ဘက်က ၃၄၈ မဲ- ၇၇ မဲနဲ့ မဲ အပြတ်အသတ် အသာစီးရရှိ ခဲ့ပါတယ်။

သမ္မတ အိုဘာမား အနေနဲ့ သူ့ရဲ့ သမ္မတ သက်တမ်း နှစ်ဆက် ပြည့်လု ပြည့်ကာနီး အချိန်မှာ ပထမဆုံး အကြိမ် သူ့ရဲ့ ဗီတိုကို ကွန်ဂရက်စ် က ငြင်းပယ်တာ ခံခဲ့ရတာ ဖြစ်ပါတယ်။

စက်တင်ဘာ အလဲဗင်း တိုက်ခိုက် ခံခဲ့ရမှု အတွင်း သေဆုံး ခဲ့သူတွေရဲ့ ကျန်ရစ်သူ မိသားစု တွေကို ဆော်ဒီအာရေးဗျ အစိုးအရ အပေါ် တရား စွဲဆိုခွင့် ပြု ထားတဲ့ ဥပဒေ ကြမ်းကို အတည်ပြု နိုင်ဖို့ အတိုက်အခံ ရီပတ်ဘလစ်ကင် အမတ်တွေ လွှမ်းမိုးထားတဲ့ ကွန်ဂရက်စ် လွှတ်တော် က လုပ်ဆောင် နေတာ ဖြစ်ပါတယ်။

စက်တင်ဘာ အလဲဗင်း တိုက်ခိုက်မှုကို ကျုးလွန် ခဲ့ကြတဲ့ လေယာဉ် ပြန်ပေးဆွဲသူ တွေရဲ့ နောက်ကွယ်မှာ ဆော်ဒီ အစိုးရက ကျောထောက် နောက်ခံ ပြုပေးခဲ့တယ် ဆိုတဲ့ စွဲချက်နဲ့ တချို့က ဆော်ဒီ အစိုးရ အပေါ် တရားစွဲဆို ဖို့ လိုလား နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ