ဂြိုဟ်တုနဲ့ ဥက္ကာခဲတိုက်ပြီး ခရီးဆုံး

  • 30 စက်တင်ဘာ 2016
rosetta ဓာတ်ပုံ မူပိုင် Getty
Image caption ရိုဆက်တာ ဂြိုဟ်တုနဲ့ ဥက္ကာခဲတိုက်

ရိုဆက်တာ ဂြိုဟ်တုနဲ့ ဥက္ကာခဲ တိုက်ပြီး အာကာသ သမိုင်းဝင် ခရီးစဉ် အဆုံးသတ် ခဲ့ပါတယ်။

ဒီဥက္ကာခဲကို ရိုဆက်တာက ၂ နှစ်ကြာ လေ့လာခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်း ရောက်လာတာနဲ့ ဥရောပ အာကာသ အေဂျင်စီမှာ ရှိတဲ့သူတွေ အားလုံး ပျော်ရွှင်စွာ လက်ခုပ်တွေ တီးကြပြီး မျက်ရည်တွေလည်း ကျကြပါတယ်။

ရိုဆက်တာ ဂြိုဟ်တု ဘက်ထရီတွေ အားဖြည့်ဖို့က နေနဲ့ အလှမ်းဝေးနေလို့ ပီ ၆၇ ဥက္ကာခဲနဲ့ တိုက်ပြီး ဂြိုဟ်တု ခရီးစဉ် အဆုံးသတ်ဖို့ အေဂျင်စီက ဆုံးဖြတ်ခဲ့တာပါ။

တိုက်မိမိချင်း ဂြိုဟ်တုက အလင်းထုတ်လွှင့်မှုတွေ ရပ်ဆိုင်းသွားပေမယ့် နောက်ဆုံး အချက်ပြဖို့က နောက်ထပ် မိနစ် ၄ဝ ကြာပါတယ်။

အဲဒီနေရာဟာ ကမ္ဘာက မိုင် သန်း ၄ဝဝ ကျော် ဝေးပြီး ဂြိုဟ်တုဟာ ဆယ်နှစ်ကျော် အတွင်း မိုင် သန်း ၅ဝဝဝ ကျော် ခရီးနှင်ခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ