ဇီကာကြောင့် ခေါင်းသေးတာ ထိုင်းမှာတွေ့

  • 30 စက်တင်ဘာ 2016
zika ဓာတ်ပုံ မူပိုင် Getty
Image caption ဦးခေါင်း သေးငယ်တဲ့ ကလေးတွေ မွေးဖွား

ဇီကာကြောင့် ခေါင်းသေးတဲ့ ကလေး ၂ ယောက်ကို ထိုင်းမှာ စတွေ့ပြီလို့ ထိုင်းကျန်းမာရေး ဌာနက ပြောပါတယ်။

ဒါဟာ ဇီကာ ဗိုင်းရပ် ကူးစက်တဲ့ ရောဂါရဲ့ နောက်ဆက်တွဲ မွေးရာပါ ချို့ယွင်းမှု ဖြစ်ပါတယ်။

ဒီလို ပုံမှန် မဟုတ်ဘဲ ဦးခေါင်း သေးငယ်တဲ့ ကလေးတွေ မွေးဖွားတာဟာ အရှေ့တောင် အာရှမှာ ဒါ ပထမဆုံး ဖြစ်ပါတယ်။

ဒေသတွင်း နိုင်ငံတွေမှာလည်း ဒီ ခြင်က တဆင့် ကူးတဲ့ ရောဂါ ကူးစက်မှုတွေ ရှိနေပါပြီ။

ဘရာဇီးမှာ မနှစ်ကတည်းက စဖြစ်နေတဲ့ ဇီကာ ရောဂါ ဗိုင်းရပ်ဟာ ခုတော့ တောင်အမေရိကတိုက်ကို ကျော်လွန် ကူးစက်နေပြီ ဖြစ်ပါတယ်။

ထိုင်းမှာ ဇန်နဝါရီ လထဲက ဇီကာ ဗိုင်းရပ် ကူးစက်မှု ၃၅ဝ လောက် တွေ့ရှိခဲ့ပြီး ဒီထဲက ၂၅ ယောက်က ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ဖြစ်ကြပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ