ဗြဟ္မပုတ္တရ မြစ် ပိတ်ပြီး တရုတ်ဆည်ဆောက်

  • 1 အောက်တိုဘာ 2016
brahmaputra ဓာတ်ပုံ မူပိုင် a
Image caption ဗြဟ္မ ပုတ္တရ မြစ် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ကို စီး၀င်

တရုတ်နိုင်ငံက ကမ္ဘာပေါ်မှာ အကြီးဆုံး မြစ်ကြီးတခုရဲ့ မြစ်ညာကနေ ရေအားလျှပ်စစ် စီမံကိန်းကြီးတခု စ ဆောက်နေပါတယ်။

ဒီအတွက် ဗြဟ္မ ပုတ္တရ မြစ် ဆီက ရေရရှိမှု ထိခိုက်သွားမယ့် အရေးကို ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ တို့က စိုးရိမ် နေပါတယ်။

အခု စီမံကိန်းကြောင့် ဆည်မြောင်းသစ်တွေ ပေါ်ထွက်လာကာ ရေလွှမ်းမိုးမှုကို ထိန်းချုပ်နိုင်မယ့် အပြင် လျှပ်စစ်ဓာတ်အားလည်း ထုတ်လုပ်နိုင်မှာ ဖြစ်တယ်လို့ တရုတ်က ဆိုပါတယ်။

မြစ်အောက်ပိုင်းမှာ ရှိနေတဲ့ အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ် တို့ကတော့ တရုတ်က မြစ်အထက်ပိုင်းမှာပိတ်ပြီး ဆည်ဆောက်တဲ့ အတွက် နောက်ဆက်တွဲ ဖြစ်လာမယ့် ပြသနာတွေကို စိုးရိမ်ပူပန်နေပါတယ်။

ဒီ မြစ်ဟာ အထက်ပိုင်းမှာ Yarlung Zangbo အမည်နဲ့ တိဗက်ကနေ စ စီးဆင်းပြီး အောက်ပိုင်းမှာ ဗြဟ္မ ပုတ္တရ မြစ်အဖြစ် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို စီး၀င်တာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ