ကူမင်တန် ငွေစာရင်း အပိတ်ခံရ

 Kuomintang ဓာတ်ပုံ မူပိုင် AP
Image caption နှစ်ဆန်း ရွေးကောက်ပွဲမှာ ကူမင်တန် ရှုံး

ကမ္ဘာပေါ်မှာ အချမ်းသာဆုံးလို့ မှတ်ယူနိုင်တဲ့ တိုင်၀မ်က နိုင်ငံရေးပါတီ တခုရဲ့ ဘဏ်စာရင်းကို အစိုးရက အသွင်းအထုတ် ပိတ်ထားခဲ့ပြီးတဲ့နောက် အဲဒီပါတီက ၀န်ထမ်းတွေကို စက်တင်ဘာ လစာ မပေးနိုင် ဖြစ်နေရပါတယ်။

အခုလို ပိတ်ရတဲ့ အကြောင်းကတော့ ကူမင်တန် လက်ထက်တုန်းက ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးဖို့ ဖြစ်ပါတယ်။

ဒီပါတီဟာ တချိန်တုန်းက တရုတ်နိုင်ငံ တခွင်လုံးကို လွှမ်းမိုး အုပ်ချုပ်ခဲ့တာ ဖြစ်ပေမယ့် မော်စီတုန်းရဲ့ ကွန်မြူနစ်ဝါဒီတွေနဲ့ ပြည်တွင်းစစ်ရှုံးသွားခဲ့ပြီးနောက် တိုင်၀မ်ကို ထွက်ပြေးလွတ်မြောက်လာတာ ဖြစ်ပါတယ်။

အဲဒီလို ထွက်ပြေးလာတဲ့ အခါ ရွှေ တန်ချိန် တရာကျော်နဲ့ အတူ ထွက်ပြေးခဲ့တယ်လို့ မှတ်ယူနေကြပြီး ဇူလိုင်လတုန်းက တိုင်၀မ်မှာ ကော်မတီတရပ် ဖွဲ့စည်းက ဒီပါတီဟာ နည်းလမ်းတကျ မဟုတ်တဲ့ ပိုင်ဆိုင်မှုတွေ ရှိနေသလား ဆိုကာ စစ်ဆေးနေတာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ