ဟန်ဂေရီ လူထု ဆန္ဒခံယူပွဲ မဲထည့်သူ နည်းလို့ တရားဝင် ဖြစ်ဖို့ ခက်ခဲနေ

  • 2 အောက်တိုဘာ 2016
hungary_referendum_
Image caption ဝန်ကြီးချုပ် အိုဘန်းကတော့ သူ့ရဲ့ အောင်ပွဲ အနေနဲ့ ကြေညာ နေ။

ဟန်ဂေရီ နိုင်ငံမှာ ကျင်းပခဲ့တဲ့ လူထု ဆန္ဒ ခံယူပွဲ ကနေ ဥရောပသမဂ္ဂ အဖွဲ့ အီးယူရဲ့ သတ်မှတ် အချိုးအစား အတိုင်း ဒုက္ခသည်တွေ ကို လက်မခံနိုင်ဘူး ဆိုတဲ့ အဖြေ ထွက်ပေါ် လာခဲ့တယ် ဆိုပြီး ဝန်ကြီးချုပ် ဗစ်တာ အိုဘန်း က ကြေညာ ပါတယ်။

ဒါပေမယ့် မဲ လာထည့် ခဲ့တဲ့ အရေအတွက် နည်းပါး ခဲ့တဲ့ အတွက် ဒီ ရလာဒ်ကို အတည်အဖြစ် မသတ်မှတ် နိုင်တော့မယ့် အနေအထားလည်း ရှိနေပါတယ်။

စစ်တမ်းတွေ အရ မဲပေးပိုင်ခွင့် ရှိသူတွေ ရဲ့ ၄၃% သာ လာရောက် မဲထည့် ခဲ့ကြလို့ ပါလီမန်က လိုက်နာ အတည်ပြုပေးဖို့ လိုအပ်တဲ့ အရေအတွက် မပြည့်မီနိုင် ဖြစ်ခဲ့တာပါ။

ဝန်ကြီးချုပ် အိုဘန်းကတော့ မဲထည့်ခဲ့သူတွေ ရဲ့ ၉၈% ဟာ အီးယူမူကို ဆန့်ကျင်ရေးဘက် မဲထည့် ခဲ့ကြတဲ့ အတွက် သူ့ရဲ့ အောင်ပွဲ အနေနဲ့ ကြေညာ နေပါတယ်။

အခု ဟန်ဂေရီ ဆန္ဒခံယူပွဲ ရလာဒ်ကို အီးယူး အနေနဲ့ သိထားရမယ်လို့ ဝန်ကြီးချုပ် အိုဘန်းက ပြောဆို နေပြီး၊ ဆန္ဒခံယူပွဲ ရလာဒ် အတည်ဖြစ်အောင် ဟန်ဂေရီရဲ့ ဖွဲ့စည်းပုံကို လိုအပ်သလို ပြုပြင် ပြောင်းလဲတာတွေ လုပ်ဆောင်မယ် လို့လည်း ပြောနေပါတယ်။

အတိုက်အခံ တွေကတော့ ဆန္ဒခံယူပွဲ မအောင်မြင်ခဲ့လို့ ဝန်ကြီးချုပ် အိုဘန်း နှုတ်ထွက်ပေးပါ ဆိုပြီး တောင်းဆို နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ