ထိုင်ဝမ် သံမဏိစက်ရုံကို ထောင်ချီ ဆန္ဒပြ

  • 2 အောက်တိုဘာ 2016
vietnam ဓာတ်ပုံ မူပိုင် Sam Yeh AFP Getty
Image caption ကမ်းရိုးတန်း တလျှောက်က ငါးတွေသေ

ဗီယက်နမ်နိုင်ငံမှာ ပင်လယ်ရေပြင်ထဲ ဓာတု အဆိပ်တွေ စွန့်ပစ်ခဲ့တဲ့ ထိုင်ဝမ် သံမဏိစက်ရုံတခုရဲ့ အပြင်ဘက်မှာ လူ ထောင်ပေါင်းများစွာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူ တချို့က စက်ရုံ တံတိုင်းကို ဖျက်ဆီးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက ဖြစ်ခဲ့တဲ့ ဖြစ်ရပ်အတွက် အဲဒီ စက်ရုံရဲ့ Formosa Plastics Group ကုမ္ပဏီက လျော်ကြေးငွေ ဒေါ်လာ သန်း ၅ဝဝ ပေးလျော်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဗီယက်နမ် ပြည်သူအတော်များများက အဲဒီ စက်ရုံကို လုံးဝ ပိတ်ပစ်ဖို့ လိုလားနေပါတယ်။

အဲဒီ ဓာတုအဆိပ် စွန့်ပစ်မှုဟာ ဗီယက်နမ် နိုင်ငံ အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ အကြီးမားဆုံး ထိခိုက်မှုကြီး ဖြစ်ခဲ့ပြီး နိုင်ငံ အလယ်ပိုင်း ကမ်းရိုးတန်း ဒေသတလျှောက်မှာ ငါးတွေ တန်ပေါင်းများစွာ သေကြေ ဆုံးရှုံးခဲ့ရပြီး တချို့နေရာတွေမှာ ငါးဖမ်းဆီးမှုကို ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ