ရုရှား အတိုက်အခံ သတ်ခံရမှု စတင် ရုံးထုတ် စစ်ဆေး

  • 3 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် EPA
Image caption ရုံးတင် ခံရတဲ့ ၅ ယောက် စလုံးက စွဲချက်တွေကို ငြင်းဆိုထား။

ရုရှား နိုင်ငံမှာ အတိုက်အခံ နိုင်ငံရေးသမား ဘောရစ် နမ်ဆော့ဗ်ကို သတ်ဖြတ်ခဲ့မှုမှာ ပါဝင်ခဲ့တယ် ဆိုတဲ့ စွဲချက်နဲ့ လူ ၅ ယောက်ကို မော်စကို မြို့က စစ်ခုံရုံး တစ်ခုမှာ ရုံးထုတ် ခဲ့ပါတယ်။

သမ္မတ ပူတင်ကို ဝေဖန်လေ့ရှိတဲ့ နမ်ဆော့ဗ်ဟာ အစိုးရ ရုံးစိုက်ရာ ကရင်မလင် နန်းတော် အနီးမှာ မနှစ်က ပစ်သတ် ခံခဲ့ရတာပါ။

အခု ရုံးထုတ် ခဲ့တဲ့ ငါးယောက်ဟာ အခကြေးငွေ ရလို့ သတ်ခဲ့တဲ့ ကြေးစားတွေ ဖြစ်တယ်လို့ စွဲချက်တွေက ဆိုပါတယ်။

နမ်ဆော့ဗ်ရဲ့ မိသားစုဝင်တွေ ကတော့ ဘယ်သူက သတ်ခိုင်းတယ် ဆိုတာကို ဖော်ထုတ်လို့ မရမှာ စိုးရိမ်တယ်လို့ ပြောကြ ပါတယ်။

နမ်ဆော့ဗ်ကို သတ်ဖြတ်မှုက ကရင်မလင် လို ရုရှားရဲ့ အထင်ကရ နေရာ အနီးမှာ ဖြစ်ပွားခဲ့တာ ဖြစ်ခဲ့ပေမယ့် လုံခြုံရေး ဗီဒီယို မှတ်တမ်း မတွေ့ရတာကို ထောက်ပြပြီး ဒီအမှုအပေါ် စုံစမ်း စစ်ဆေးမှုက ပြည့်စုံမှု မရှိဘူးလို့ နမ်ဆော့ဗ်ရဲ့ ရှေ့နေ တစ်ယောက်က တရားရုံးမှာ ပြောပါတယ်။

နမ်ဆော့ဗ် ဟာ ၁၉၉၀ ပြည့်လွန် နှစ်တွေတုန်းက သမ္မတဟောင်း ဘော့ရစ် ယဲ့ဆင် လက်ထက်မှာ ဒုတိယ ဝန်ကြီးချုပ် အဖြစ် တာဝန် ယူခဲ့သူ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ