ပြောင်းရွှေ့သူ အယောက် ခြောက်ထောင်နီးပါး အီတလီ ကယ်ဆယ်

  • 3 အောက်တိုဘာ 2016
_italy_migrants
Image caption လှေ အစင်း လေးဆယ် ဝန်းကျင် လောက် ပေါ် ကြပ်ညပ် ပြွတ်သိပ် နေအောင် လိုက်ပါ ခဲ့ကြ။

ဥရောပကို ရောက်ရှိဖို့ ကြိုးစားကြတဲ့ ရွှေ့ပြောင်း ဝင်ရောက် သူတွေကို အောက်တိုဘာ ၃ ရက် တနင်္လာနေ့ တစ်ရက်တည်း မှာတင် လူ အယောက် ခြောက်ထောင် နီးပါး ပင်လယ်ထဲကနေ ကယ်ဆယ် ခဲ့ရတယ် လို့ အီတလီ ကမ်းစောင့်တပ်က ပြောပါတယ်။

လစ်ဗျား နိုင်ငံ ကမ်းရိုးတန်း ကနေ ထွက်ခွာ လာခဲ့တဲ့ လှေ အစင်း လေးဆယ် ဝန်းကျင် လောက် ပေါ် ကြပ်ညပ် ပြွတ်သိပ် နေအောင် လိုက်ပါ ခဲ့ကြသူတွေကို ကယ်ဆယ် ခဲ့ရတာ ဖြစ်ပါတယ်။

လူသေလောင်း ကိုးလောင်း ကိုလည်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

လှေတစ်စင်း ပေါ်မှာ ဆိုရင် လူ အယောက် ၇ဝဝ ကျော် ပြွတ်သိပ် လိုက်ပါ လာခဲ့ကြတာ ဖြစ်ပြီး၊ အဲဒီ့ အထဲက အယောက် ၂ဝဝ နီးပါးဟာ ကလေးသူငယ်တွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ