ဓာတုဗေဒ နိုဘယ်ဆု၊ နာနို ယန္တရား တည်ဆောက်သူတွေ ရရှိ

  • 5 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် SCIENCE PHOTO LIBRARY

၂၀၁၆ အတွက် ဓာတုဗေဒ နိုဘယ်ဆုကို ကမ္ဘာ့ အသေးဆုံး စက်ယန္တရားတွေ လို့ တင်စားခေါ်တဲ့ နာနို နည်းပညာသုံး ယန္တရားတွေ တည်ဆောက်ခဲ့ကြတဲ့ ဥရောပက ပညာရှင် ၃ ဦးက ပူးတွဲ ရရှိခဲ့ပါတယ်။

ပြင်သစ်က Jean-Pierre Sauvage၊ နယ်သာလန်က Bernard Feringa နဲ့ ဗြိတိန်က Fraser Stoddart တို့ ၃ ဦးဟာ မော်လီကျူး အရွယ်အစား နယ်ပယ်က ယန္တရားတွေကို တည်ဆောက် နိုင်ခဲ့ကြတာပါ။

အဲဒီ ယန္တရားငယ်လေးတွေဟာ ဆံချည်မျှင် အရွယ်အစားထက်ကို အဆ တစ်ထောင်လောက် သေးငယ် ကြပါတယ်။

မော်လီကျူးတွေကို ဆက်စပ် တည်ဆောက်ထားတဲ့ အဲဒီ ယန္တရား ငယ်လေးတွေကို လူ့ခန္ဓာကိုယ်ထဲ အလွယ်တကူ ထည့်သွင်းပြီး ကင်ဆာလို ဆဲလ်တွေကို တိုက်ရိုက် ဆေးပေး ကုသတဲ့နေရာမှာ သုံးနိုင်တယ်လို့ ဆိုပါတယ်။

ဒီဆုအတွက် ပေါင် ၇ သိန်းကျော် ဆုကြေးငွေကို သူတို့ ၃ ဦး ခွဲဝေ ယူရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ