ပေါ်တူဂီရဲ့ ဂူတာရက်စ် ကုလ အတွင်းရေးမှူးချုပ် ဖြစ်လာမယ်

  • 5 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption အန်တိုနီယို ဂူတာရက်စ်က ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကို ၁၀ နှစ်ကြာ ဦးဆောင်ခဲ့။

ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ် နေရာကို ပေါ်တူဂီ ဝန်ကြီးချုပ်ဟောင်း အန်တိုနီယို ဂူတာရက်စ် ဆက်ခံဖို့ သေချာသွားပြီလို့ ကုလ သံတမန် အသိုင်းအဝိုင်းက ပြောပါတယ်။

အတွင်းရေးမှူးချုပ် နေရာအတွက် သင့်တော်သူ ၁၀ ဦး ထဲကနေ ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ မဲပေး ရွေးချယ်ခဲ့ရာမှာ ၆၆ နှစ်အရွယ် မစ္စတာ ဂူတာရက်စ်ကို ကန့်ကွက်သူ မရှိခဲ့ဘဲ အတွင်းရေးမှူးချုပ် နေရာအတွက် အဆိုပြု ခံရသူ ဖြစ်လာတာပါ။

သူ့ကို အတည်ပြု ဖို့အတွက်တော့ လုံခြုံရေး ကောင်စီက မနက်ဖြန် ကြာသပတေးနေ့မှာ မဲပေး ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

မစ္စတာ ဂူတာရက်စ်ဟာ ကုလ သမဂ္ဂ ဒုက္ခသည် ဆိုင်ရာ အေဂျင်စီကို ၁၀ နှစ်ကြာ ဦးဆောင်ခဲ့သူ ဖြစ်ပြီး မစ္စတာ ဘန်ကီမွန်း နေရာကို လာမယ့် ၂၀၁၇ အစောပိုင်းမှာ လွှဲပြောင်း ယူဖို့ ရှိပါတယ်။

လက်ရှိ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ၂၀၀၇ ဇန်နဝါရီမှာ အတွင်းရေးမှူးချုပ် ၅ နှစ်သက်တမ်း နှစ်ကြိမ် ပြည့်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ