ရာဟူးက သူ့အီးမေးလ် အကောင့်တွေကို ကန်အစိုးရအတွက် စစ်ပေးခဲ့

  • 5 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် Getty
Image caption ရာဟူး အကောင့် သန်း ၅၀၀ ဆီက အချက်အလက်တွေ ခိုးယူခံရတယ် ဆိုတဲ့ သတင်း ထွက်ပေါ်ခဲ့ပြီးနောက် အခု ဒီသတင်း ထပ်ထွက်လာ။

အင်တာနက် ကုမ္ပဏီကြီးဖြစ်တဲ့ ရာဟူးက သူ့အီးမေးလ် သုံးသူတွေရဲ့ အကောင့်တွေကို အမေရိကန် အစိုးရရဲ့ ကိုယ်စား လျှို့ဝှက် စစ်ဆေးပေးခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။

အမေရိကန် အစိုးရရဲ့ လျှို့ဝှက်ပန်ကြားချက်အရ ဒီလို စစ်ဆေးဖို့အတွက် အထူး ဆော့ဖ်ဝဲ တစ်ခုကို ရာဟူးက မနှစ်တုန်းက ဖန်တီးခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ဆိုပါတယ်။

အမေရိကန် ထောက်လှမ်းရေးတွေအနေနဲ့ ဘာကို ရှာချင်တာလဲဆိုတာ မသိရပေမယ့် သူတို့ ရှာဖွေ စစ်ဆေးချင်တဲ့ စကားလုံးတွဲတွေကို ရာဟူးကို ပေးခဲ့တယ်လို့ ဆိုပါတယ်။

အီးမေးလ်တွေမှာ ဖြစ်ဖြစ်၊ အီးမေးလ်နဲ့ တွဲပါတဲ့ attachment တွေမှာ ဖြစ်ဖြစ် အဲဒီ စကားလုံးတွဲတွေ ပါမပါ ရှာဖွေ စစ်ဆေးဖို့ ဖြစ်တယ်လို့ ရိုက်တာ သတင်းဌာနက ပြောပါတယ်။

ရာဟူး ကုမ္ပဏီကတော့ သူတို့ဟာ ဥပဒေ လိုက်နာတဲ့ ကုမ္ပဏီဖြစ်ပြီး အမေရိကန် ပြည်ထောင်စုရဲ့ ဥပဒေကိုလည်း လိုက်နာတယ်လို့ ဘီဘီစီကို ပြောပါတယ်။

တခြား အင်တာနက် ကုမ္ပဏီတွေကိုရော အလားတူ လျှို့ဝှက် စောင့်ကြည့်ခိုင်းတာတွေ ရှိမရှိကိုတော့ မသိရပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ