အမေရိကန် ထိပ်တန်း လျှို့ဝှက်ချက်တွေ ခိုးယူမှု လူတစ်ဦး တရားစွဲခံရ

  • 6 အောက်တိုဘာ 2016
_us_intellengence_theft_nsa
Image caption ရုရှားနဲ့ တရုတ် တို့ရဲ့ ကွန်ပြူတာ စနစ်တွေထဲ ထိုးဖောက် ဝင်ရောက် နိုင်အောင် အမေရိကန်က တီထွင်ထားတဲ့ ကွန်ပြူတာ လျှို့ဝှက် ကုဒ် တွေပါ ခိုးယူ ခံခဲ့ရ။

အမေရိကန်ရဲ့ ထိပ်တန်းလျှို့ဝှက် အချက်အလက် တွေကို ခိုးဝှက် ခဲ့မှုနဲ့ အမျိုးသား လုံခြုံရေး အေဂျင်စီ NSA က အသုံး ပြုခဲ့တဲ့ ကုမ္ပဏီ တစ်ခုက ဝန်ထမ်းကို ပုဒ်မတပ် တရားစွဲဆို လိုက်တယ် ဆိုပြီး အမေရိကန် တရားရေး ဌာနက ထုတ်ဖော် ပြောဆို ပါတယ်။

ဟာရိုး သောမတ်စ် မာတင် ဆိုသူဟာ နိုင်ငံတော် လုံခြုံရေးနဲ့ ပတ်သက်နေတဲ့ စာရွက်စာတမ်း အမျိုးအစား ပေါင်းစုံကို ရယူ ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

သူရယူ ခဲ့တာတွေထဲ ရုရှားနဲ့ တရုတ် တို့ရဲ့ ကွန်ပြူတာ စနစ်တွေထဲ ထိုးဖောက် ဝင်ရောက် နိုင်အောင် အမေရိကန်က တီထွင်ထားတဲ့ ကွန်ပြူတာ လျှို့ဝှက် ကုဒ် တွေ ပါဝင်တယ် လို့ နယူးယောက် တိုင်းမ်စ် သတင်းစာက ရေးသားထားပါတယ်။

လျှို့ဝှက် သတင်း အချက်အလက် အမြောက်အများကို ပေါက်ကြား စေခဲ့ပြီး လက်ရှိ ရုရှား နိုင်ငံမှာ ခိုလှုံနေတဲ့ အက်ဒ်ဒွပ် စနိုဒင် အလုပ်လုပ်ခဲ့တဲ့ Booz Allen Hamilton ကုမ္ပဏီမှာပဲ မစ္စတာ မာတင်လည်း အလုပ် လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ