စပါးစျေးကျ၊ လယ်သမား အကျပ်တွေ့

မြန်မာ လယ်သမား
ဓာတ်ပုံ ပုံစာ,

စပါးလှေ့နေတဲ့ လယ်သမား တဦး

စပါးတင်းတရာကို မနှစ်က ၆ သိန်းစျေးပေါက်ခဲ့ပေမယ့် ဒီနှစ်မှာ စပါးတင်းတရာကို ၄ သိန်းသာပေါက်စျေးရှိလို့ လယ်သမားတွေ အခက်အခဲ ကြုံတွေ့နေရပါတယ်။

စပါးစျေးကျတဲ့အတွက် မြန်မာ့ လယ်ယာ ဖွံ့ဖြိုးဘဏ်က နေ ချေးယူထားတဲ့ ငွေတွေကို ပြန်ဆပ်ဖို့လည်း အခက်အခဲတွေ့နေရပါတယ်။

စပါးတဧက စိုက်စရိတ်ဟာ ၃ သိန်း ပတ်ဝန်းကျင်ရှိတယ်လို့ လယ်သမားတွေက ပြောကြပါတယ်။

ဧရာ၀တီတိုင်းမှာဆိုရင် တနှစ် နှစ်သီး စိုက်ပျိုးလေ့ရှိတဲ့ အတွက် ဆောင်းစပါး စိုက်ပျိုးဖို့ စိုက်စရိတ်လည်း လိုနေတဲ့ အတွက် ချေးငွေ ပြန်မဆပ်နိုင်ဘဲ ဆောင်းစပါး စိုက်စရိတ် အတွက် ရင်းရမယ်လို့ ဆိုပါတယ်။

လယ်သမားတွေက စပါးစျေးကျလို့ အခက်အခဲ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေကို စိုက်ဘဏ် ခေါ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ငွေပိုချေးတဲ့နည်းနဲ့ ကူညီဖြေရှင်းပေးစေချင်ကြပါတယ်။

စပါးစျေးကျဆင်းရတာဟာ အရင်နှစ်က ဆန်လက်ကျန်များတဲ့ အတွက် မြန်မာနိုင်ငံ ဆန်စပါး အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

တရုတ်ပြည်ကလည်း မြန်မာ့ဆန်ကို အဝယ်ရပ်ထားတဲ့ အတွက် နိုင်ငံခြားတင်ပို့ စပါး ပမာဏကလည်း တန်ချိန် ၂ သိန်းလောက် ကျဆင်းသွားပါတယ်။