ဆီးရီးယား အလက်ပိုမှာ ဗုံးကြဲ တိုက်ခိုက်မှုတွေ ရုရှ ပြန်လည် စတင်

ဓာတ်ပုံ ရင်းမြစ်, AFP
သူပုန်တွေဟာ အရပ်သား တွေကို လူသား ဒိုင်းတွေ အဖြစ် အသုံးချ နေကြောင်း နိုင်ငံပိုင် သတင်းဌာန တွေမှာ ဖော်ပြ နေ
ဆီးရီးယား နိုင်ငံ အလက်ပို မြို့မှာ ရုရှ ဘက်က ၃ရက်ကြာ ပစ်ခတ် တိုက်ခိုက်မှုတွေ ရပ်စဲ ခဲ့ပြီးနောက် အောက်တိုဘာလ ၂၂ ရက်နေ့မှာတော့ ဗုံးကြဲ တိုက်ခိုက်မှုတွေ ပြန်လည် စတင် ခဲ့ပြီး တိုက်ပွဲ တွေလည်း ဖြစ်ပွား နေပါတယ်။
သူပုန်တွေ ထိန်းချုပ်ရာ ဒေသတွေ မှာ လက်နက်ကြီး နဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ဖြစ်ပွား နေကြောင်း ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့ကြီး က ပြောပါတယ်။
ရုရှ ဘက်က ၃ ရက်ကြာ ပစ်ခတ် တိုက်ခိုက်မှု တွေကို ရပ်နား ပေးခဲ့ပေမယ့် လည်း ကယ်ဆယ်ရေး ဝန်ထမ်းတွေရဲ့ လုံခြုံရေး အာမခံမှု မရရှိတဲ့ အတွက် သူပုန် တွေ ထိန်းချုပ်ရာ ဒေသ က အရပ်သား တွေကို ကယ်တင် နိုင်ခဲ့ခြင်း မရှိဘူးလို့ ကုလသမဂ္ဂ အဖွဲ့ကြီးက ပြောပါတယ်။
ဆီးရီးယား နိုင်ငံက လာတဲ့ သတင်းတွေမှာတော့ အတိုက်အခံ သူပုန်တွေဟာ အရပ်သား တွေကို လူသား ဒိုင်းတွေ အဖြစ် အသုံးချ နေကြောင်း နိုင်ငံပိုင် သတင်းဌာန တွေမှာ ဖော်ပြ နေပါတယ်။