ဗိုက်ထဲမှာ ကပ်ကျေး ရှိနေကြောင်း ၁၈ နှစ်ကြာမှ သိ

ကပ်ကျေးက အူမကြီးဘေးမှာ ကပ်ပြီး စိုက်နေ

ဓာတ်ပုံ ရင်းမြစ်, STRINGER

ဓာတ်ပုံ ပုံစာ,

ကပ်ကျေးက အူမကြီးဘေးမှာ ကပ်ပြီး စိုက်နေ

ဗီယက်နမ်နိုင်ငံမှာ လွန်ခဲ့တဲ့ ၁၈ နှစ်က ခွဲစိပ်ကုသမှုခံယူခဲ့စဉ် အမျိုးသား တစ်ယောက်ရဲ့ ဗိုက်ထဲမှာ ကျန်ခဲ့တဲ့ ခွဲစိပ်ခန်းသုံး ကပ်ကျေးကို ခွဲထုတ်ပေးလိုက်ကြောင်း ဗီယက်နမ်က ဆရာဝန်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့လက မတော်တဆ ကားတိုက်မှု ဖြစ်ပြီး နောက် ultrasound ရိုက်ကြည့်ရာမှာ Ma Van Nhat ရဲ့ အူမကြီးဘေးမှာ ၁၅ စင်တီမီတာ အရှည်ရှိတဲ့ကပ်ကျေး စိုက်နေတာကို ဆရာဝန်တွေ သတိပြုမိခဲ့တာဖြစ်ပါတယ်။

အဲဒီ ကပ်ကျေးဟာ ၁၉၉၈ခုနှစ်က အဲဒီလူ ခွဲစိပ်ကုသ ခံယူတုန်းမတော်တဆ မေ့ကျန်ခဲ့တာ ဖြစ်ပုံရပါတယ်။

ကပ်ကျေးလက်ကိုင်တွေက သံချေးတက်လာနေပြီး ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းတွေထဲမှာ မြုပ်နေခဲ့တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

အဲဒီကပ်ကျေးကို သုံးနာရီကြာ အချိန်ယူ ဖယ်ရှားခဲ့ရပါတယ်။