အိုင်ဖုန်း သက်တမ်း ဆယ်နှစ်ပြည့်ပြီ

ဓာတ်ပုံ ရင်းမြစ်, TONY AVELAR
စတိဗ်ဂျော့ အိုင်ဖုန်းကို စမိတ်ဆက်ချိန်က စရင် အပြောင်းအလဲတွေအများကြီး ဖြစ်ခဲ့ပြီ
ဇန်နဝါရီလ ၉ ရက်နေ့မှာတော့ အက်ပဲလ်ကုမ္ပဏီကြီးရဲ့ အိုင်ဖုန်းတွေ စတင်ထုတ်လုပ်ခဲ့တဲ့ သက်တမ်း ဆယ်နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။
အက်ပဲလ် ကုမ္ပဏီကို ပူးတွဲတည်ထောင်သူ စီအီးအို စတိဗ်ဂျော့၂၀၀၇ ခုနှစ်က စင်မြင့်ပေါ်တက်ပြီး စတင်မိတ်ဆက်ခဲ့တဲ့ အိုင်ဖုန်းဟာ လူတွေရဲ့ နေ့စဉ် ဘဝတွေမှာ အများကြီး အပြောင်းအလဲ တွေ ဖြစ်စေခဲ့တဲ့ စမတ်ဖုန်းအမျိုးအစား ဖြစ်ခဲ့ပြီး ပုံတူကူးချတဲ့ ဖုန်းတွေ အများကြီးလည်း ထွက်ခဲ့ပါတယ်။
အိုင်ဖုန်း အလုံးပေါင်း သန်းတစ်ထောင်ကျော် ရောင်းခဲ့ရပြီး အက်ပဲလ်ကို ကမ္ဘာ့အချမ်းသာဆုံး ကုမ္ပဏီကြီးတစ်ခုဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် အိုင်ဖုန်းအရောင်းဟာ ၂၀၁၆ ခုနှစ်ထဲမှာတော့ ကျဆင်းသွားခဲ့ပါတယ်။ ဒါဟာ ပြိုင်ဖက်ပုံတူ ဖုန်းတွေရဲ့ အောင်မြင်မှုကြောင့်လို့ ဘီဘီစီ နည်းပညာသတင်းထောက်က ပြောပါတယ်။
ဆမ်ဆောင်း ဂလက်စီ နုတ်ဆဲဗင်းဖုန်း ထုတ်တာ ပြန်သုံးသပ်
ဆမ်ဆောင်း ဂလက်စီ နုတ် ဆဲဗင်း ဖုန်း ထုတ်လုပ်မှုကို ရပ်ထားတော့မယ်လို့ တောင်ကိုရီးယား သတင်းစာတွေက ရေးသား