တောင်ကိုရီးယားသမ္မတ စစ်မေးမှုခံယူမယ့် အစီအစဉ်ကို ဖျက်

ဓာတ်ပုံ မူပိုင် Getty Images
Image caption တောင်ကိုရီး သမ္မတ ပတ်ဂွန်ဟေး

တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးက သူ့ကို စွပ်စွဲပြစ်တင် အရေးယူခံထားရတဲ့ အကျင့်ပျက်မှုစွဲချက်တွေအပေါ် အမှုစစ်အရာရှိတွေရဲ့ စစ်မေးမှုခံယူမယ့် အစီအစဉ်ကို ဖျက်လိုက်ပါတယ်။

မူလကတော့ ဒီကနေ့မှာ အစစ်ခံဖို့ ဖြစ်ပေမယ့် ဒီအစီအစဉ်တွေကို မီဒီယာမှာ ပေါက်ကြားလာခဲ့ပြီးတဲ့နောက် အခုလို ဖျက်သိမ်း လိုက်တာဖြစ်ပါတယ်။

သူ့အပေါ် ဝေ ဖန်သူတွေကတော့ သမ္မတဟာ အချိန်ဆွဲနေတာ ဖြစ်တယ်လို့ ပြစ်တင်ပါတယ်။

မစ္စပတ်ဂွန်ဟေးဟာ သူ့အရင်းနှီးဆုံး မိတ်ဆွေက သူ့ကို အသုံးချပြီး အကျိုးအမြတ်ယူဖို့ ခွင့်ပေးခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

ပါလီမန်က သမ္မတကို စွပ်စွဲပြစ်တင်ဖို့ ဆုံးဖြတ်ခဲ့ပြီးလောလေဆယ် သူ့ရဲ့ အာဏာ အားလုံးကို ရုပ်သိမ်းထားပါတယ်။

အခြေခံဥပဒေတရားရုံးက အဲဒီဆုံးဖြတ်ချက်ကို အတည်ပြုမပြုဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ