လိင်တူ ဆက်ဆံမှုနဲ့ တရားစွဲ ခံရသူတွေကို နယူးဇီလန် တရားရေး ဝန်ကြီး တောင်းပန်

အေမီ အဒမ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

နယူးဇီလန် တရားရေး ဝန်ကြီး Amy Adams

နယူးဇီလန်မှာ အမျိုးသားချင်း လိင်တူဆက်ဆံမှုနဲ့ ပြစ်ဒဏ်ကျခံခဲ့ဖူးသူတွေကို သူတို့ရဲ့ ရာဇဝတ်မှုမှတ်တမ်းတွေ ပယ်ဖျက်ပေးဖို့အစီအစဉ်တွေကို ကြေညာခဲ့ပါတယ်။

တရားစွဲဆိုခံခဲ့ရသူတွေကို တရားရေးဝန်ကြီး အေမီအဒမ်က တောင်းပန်လိုက်ပြီး အဲဒီလို ပြစ်မှုမှတ်တမ်းတွေဟာ လူတစ်ယောက်ရဲ့ ရာဇဝင်ကို လိုက်ကြည့်ရင် ပေါ်လာတတ်ပါတယ်။

အလုပ်လျှောက်တဲ့ အခါ ကျရင်လည်း ဒီကိစ္စတွေကို ထုတ်ပြောရလေ့ရှိတယ်လို့ ဆိုပါတယ်။

လာမယ့်နှစ်မှာ ဒီအစီအစဉ် စရင် လူပေါင်းတစ်ထောင်လောက်ရဲ့ ပြစ်ဒဏ်မှတ်တမ်းတွေကို ပယ် ဖျက်ပေးခံရမှာ ဖြစ်ပါတယ်။

ပြစ်မှု ပယ်ဖျက်ပေးခံရဖို့ အကြုံးဝင်သူတွေဟာ အသက် ၁၆ နှစ်ကျော် ရှိရမှာ ဖြစ်ပြီး နှစ်ဖက်သဘောတူ ဆက်ဆံခဲ့သူတွေသာ ဖြစ်ရမှာ ဖြစ်ပါတယ်။

ကွယ်လွန်ပြီးသူတွေအတွက်လည်း ရာဇဝတ်မှု မှတ်တမ်းတွေက ဖျက်ပေးဖို့ မိသားစုတွေက တောင်းဆိုနိုင်မှာ ဖြစ်ပါတယ်။