မောင်တော အကြမ်းဖက်မှုကြောင့် ထိန်းသိမ်းခံရသူတွေ ရှေ့နေနဲ့ တွေ့ခွင့်မရ

ဓာတ်ပုံ မူပိုင် MOI
Image caption မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့စဉ်

မောင်တောမှာ ရဲစခန်းတွေကိုအကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်တယ်လို့ သံသယရှိသူတွေ ကို ထိန်းသိမ်းထားရာမှာ အကျဉ်းကျနေသူ တချို့ဟာ ရှေ့နေနဲ့ တွေ့ခွင့်မရတာတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် ကိုယ်စားလှယ် တယောက် က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ရှိတဲ့ စစ်တွေနဲ့ဘူးသီးတောင် အကျဉ်းထောင်တွေ ကို လူ့အခွင့်အရေး ကော်မရှင်က ကိုယ်စားလှယ်တွေ သွားရောက် စစ်ဆေးခဲ့တဲ့ အထဲမှာ ကော်မရှင် အဖွင့်ဝင် ဦးယုလွင်အောင် လည်း ပါ၀င်ပြီး ထိန်းသိမ်း ခံရသူတွေကို ရှေ့နေတွေနဲ့ တွေ့ခွင့်ပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေထံ အကြံပြုမယ် လို့ သူက ဆိုပါတယ်။

အကျဉ်းကျခံနေရသူ တချို့က သူတို့မှာ အပြစ်မရှိပဲ အဖမ်းခံထားရတာ ဖြစ်ကြောင်း ပြောတယ်လို့လည်း သူက ဆိုပါတယ်။

အကျဉ်းထောင်ထဲမှာတော့ နှိပ်စက်တာ၊ တခြားလူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ မရှိတဲ့အကြောင်း လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ