ရခိုင်အကျပ်အတည်း မိုဟာမက် ယူနွတ်စ် အကြံပေး

ဓာတ်ပုံ မူပိုင် AFP
Image caption နိုဗဲလ်ဆုရှင် ဒေါက်တာ မိုဟာမက် ယူနွတ်စ်

ဘင်္ဂလားဒေ့ရှ် နိုင်ငံ က နိုဗဲလ်ဆုရှင် ဒေါက်တာ မိုဟာမက် ယူနွတ်စ် က ရခိုင်ပြည်နယ်မြောက်ပိုင်းက အကျပ်အတည်း အရေးတွေနဲ့ပတ်သက်ပြီး အကြံပေး ပြောကြား လာပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အကြောင်း ကို သိခဲ့သူ ၊ ကိုယ်တိုင်လည်း တွေ့ဆုံဘူးသူဖြစ်တဲ့ နိုဗဲလ်ဆုရှင် ဒေါက်တာ ယူနွတ်စ် က အခု ရခိုင်ပြည်နယ်မြောက်ပိုင်း ကအကြပ်အတည်း ကိစ္စတွေ၊ သိန်းနဲ့ချီပြီးတော့ နယ်စပ် ဖြတ်ကျော်ရောက်ရှိနေတဲ့ ဒုက္ခသည်တွေ အရေးနဲ့ပတ်သက်ပြီး သူ့အမြင်အရပြောရင် ဖြေရှင်းနိုင်သူ က ဒေါ်အောင်ဆန်းစုကြည် ပါပဲလို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီရေး အတွက် လှုပ်ရှားဆောင်ရွက်ခဲ့တဲ့ ခေါင်းဆောင် ဆိုတဲ့ ပြယုဂ် အနစ်နာခံမှုတွေ နဲ့ဖြတ်သန်းခဲ့တဲ့သူ ငြိမ်းချမ်းရေး သဘောကို ဆောင်ယူခဲ့တဲ့ သူ ဖြစ်တယ်၊ အခု သူရှိနေရတဲ့အနေအထား ကနေ အရင်လို ငြိမ်းချမ်းရေး သဘောကို ပြန်သွားဖို့လိုတယ်လို့ ဆိုပါတယ်။

သူ့နားမှာရှိနေတဲ့ အမုန်းတရား ရှိနေတဲ့ အသိုင်းအဝိုင်း၊ ဒေါသထွက်နေကြတဲ့ ဝန်းကျင်အနေအထား က ခွာဖို့လိုတယ်လို့ သူ က သူ့အမြင်ကို ဒေါက်တာ မိုဟာမက် ယူနွတ်စ် က ပြောပြပါတယ်။

စစ်တပ်အနေနဲ့ သူတို့လုပ်ဆောင်မှုတွေ ကို ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့က အကာအရံလိုထားထားပြီး သူတို့လုပ်ချင်တာကို လုပ်နေတာ ဖြစ်တယ် ၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အဲဒီလို အခန်းကဏ္ဍမှာ ရှိနေတာကို ဖယ်ရှားပစ်လိုက်ပြီး သူ့ရဲ့ နဂို ပုံရိပ်ဖြစ်တဲ့ ငြိမ်းချမ်းခြင်း ကို ပြန်ယူဖို့ အရေးတကြီးလိုအပ်နေတယ် လို့ သူ က ဆိုပါတယ်။

နတ် မြစ်ဘေးကမ်းမှာ ထိုင်ကြည့်မယ် ဆိုရင် လူသေအလောင်းတွေ မျောလာတာကို တွေ့ရလိမ့်မယ် ၊ နောက်ပြီး ထွက်ပြေးလာကြတဲ့သူတွေ အများကြီးပါ ၊ သူတို့ ဟာ အကြမ်ဖက်မှုကို ကြောက်ရွံ့ ထိတ်လန့်စွာ အိုးအိမ်ပစ်ပြီး ထွက်ပြေးခဲ့ရတဲ့သူတွေ ဖြစ်တာကြောင့် ဒါကို ကြည့်ခြင်းအားဖြင့် တခုခုတော့ အကြီးအကျယ် အဲဒီ ဒေသမှာ မှားနေပြီ ဆိုတာ လူတိုင်းသိနိုင်တဲ့အပြင် ဒါတွေကို ဖြေရှင်းဖို့ လိုတာပါလို့ နိုဗယ် ငြိမ်းချမ်းရေး ဆုရှင် မစ္စတာ ယူနွတ်စ် က ပြောပါတယ်။

မနှစ် ၂၀၁၆ ခုနှစ် အောက်တိုဘာလ မောင်တော တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းနှစ်လ အကြာမှာ မိုဟာမက် ယူနွတ်စ် ခေါင်းဆောင်တဲ့ နိုဗယ်ဆုရှင်တွေ ပေါင်းပြီး ရခိုင်အရေးနဲ့ ပတ်သက်လို့ အကြမ်းဖက်မှုတွေ လျော့ပါးအောင် လုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အစိုးရကို အိတ်ဖွင့်ပေးစာ တစောင်နဲ့ တိုက်တွန်းခဲ့ဖူးပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ