ရခိုင်အရေး ရီပတ်ပလီကန် အမတ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဆီ ဖုန်းဆက်

Image caption ရီပတ်ဘလီကန် အမတ်တွေရဲ့ ခေါင်းဆောင် မစ်ချ် မက်ကော်နဲလ်

ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာ မွတ်ဆလင်တွေဆီ လူသားချင်း စာနာ နားလည်တဲ့ အကူအညီတွေ ပို့ဆောင် ပေးနိုင်ရေး ပိုမို တိုးတက်အောင် လုပ်ဆောင်ပေးဖို့ အရေးတကြီး လိုအပ်နေတဲ့ အချက်အပေါ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း သဘောတူကြောင်း ပြောခဲ့တယ်လို့ အမေရိကန် ထိပ်တန်း ဆီးနိတ်လွှတ်တော် အမတ် တစ်ယောက်က ပြောပါတယ်။

အမေရိကန် ဆီးနိတ်လွှတ်တော်ထဲ လွှမ်းမိုးထားတဲ့ ရီပတ်ဘလီကန် အမတ်တွေရဲ့ ခေါင်းဆောင် မစ်ချ် မက်ကော်နဲလ်က ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ တယ်လီဖုန်းကနေ ဆက်သွယ် စကား ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကိုင်တွယ် ဆောင်ရွက်ဖို့ လိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တယ်လို့ မစ္စတာ မက်ကောနဲလ်က ပြောသလို၊ ဒေါ်အောင်ဆန်း စုကြည် အနေနဲ့ ဩဇာ အာဏာပြင်းတဲ့ စစ်တပ် အပေါ် အမိန့်ပေး ခိုင်းစေနိုင်စွမ်း မရှိတဲ့ အချက်အပေါ် သူ့ဘက်က သတိပြုမိတယ် လို့ မစ္စတာ မက်ကော်နဲလ်က ဆိုပါတယ်။

စစ်တပ်နဲ့ အာဏာခွဲဝေ အုပ်ချုပ်နေရတဲ့ မြန်မာ အစိုးရအနေနဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် နှိပ်ကွပ်မှု တွေကို ရပ်တန်းကရပ်ဖို့ လိုတယ်လို့ အစောပိုင်းကလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson က တိုက်တွန်းခဲ့ပါတယ်။

ယူကေရောက်မြန်မာ နိုင်ငံသား တချို့ကတော့ ရခိုင်ပြည်နယ် အရေးကို ဒေါ်အောင်ဆန်း စုကြည် ကိုင်တွယ် ဆောင်ရွက်မှုအပေါ် ထောက်ခံကြောင်း လန်မြို့တော်က နိုင်ငံခြားရေး ဝန်ကြီးရုံးရှေ့မှာ ထောက်ခံ ဆန္ဒ ပြခဲ့ကြပါတယ်။ #ဘီဘီစီမြန်မာပိုင်း