ရိုဟင်ဂျာအရေး ဘီဘီစီ လေ့လာစုံစမ်းချက် ထွက်

ဓာတ်ပုံ မူပိုင် AFP
Image caption ရိုဟင်ဂျာ ဒုက္ခသည် သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေ

ရိုဟင်ဂျာ အရေး အပေါ် ကုလသမဂ္ဂက ဘယ်လို ကိုင်တွယ်ခဲ့သလဲ ဆိုတာနဲ့ ပတ်သက်လို့ ဘီဘီစီရဲ့ လေ့လာစုံစမ်းချက်အရ အကြီးအကျယ် မေးခွန်းထုတ်စရာတွေ ထွက်ပေါ်ခဲ့ပါတယ်။

ပေါက်ကြား ပေါ်ထွက်လာတဲ့ အထောက်အထား စာရွက် စာတမ်းတွေနဲ့ ဆက်သွယ် မေးမြန်းချက်တွေအရ လတ်တလော ပဋိပက္ခတွေ မပေါ်ပေါက်ခင် နှစ်ပိုင်းတွေအတွင်း ရိုဟင်ဂျာ ပြဿနာကို ထောက်ပြ မေးမြန်းတဲ့ ကုလသမဂ္ဂ တာဝန်ရှိပုဂ္ဂိုလ်တွေကို မြန်မာနိုင်ငံမှာ ရှိတဲ့ ကုလသမဂ္ဂ ခေါင်းဆောင်ပိုင်းက တားမြစ်ဖို့ ကြိုးစားခဲ့တယ်လို့ ထုတ်ဖော် သိရပါတယ်။

လူ့အခွင့်အရေး ကာကွယ် လှုပ်ရှားသူတွေကို အတိမ်းအစောင်း မခံတဲ့ နေရာတွေဆီ မသွားကြဖို့ကို ကုလသမဂ္ဂ တာဝန်ရှိ ပုဂ္ဂိုလ်တွေက အကြံပြုခဲ့တယ်လို့ ဆိုပါတယ်။

ဒီပြောဆိုချက်တွေကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အကြီးအကဲက ကြေညာချက်ထုတ် ငြင်းဆိုလိုက်ပြီး လူ့အခွင့်အရေးကိစ္စရပ်ဟာ အမြဲပဲ ဦးစားပေး ကိစ္စရပ် ဖြစ်တယ်လို့ ပြောပါတယ်။