ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးက သူ့ပြောကြားချက်နဲ့ ပတ်သက်လို့ ပြန်တောင်းပန်

ဓာတ်ပုံ မူပိုင် PA
Image caption ဗြိတိသျှ နိုင်ငံခြားရေး ၀န်ကြီး ဘောရစ်ဂျွန်ဆင်

အီရန်မှာ အကျဉ်းကျခံနေရတဲ့ Nazanin Zaghari-Ratcliffe နဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ သီတင်းပတ်တုန်း က သူပြောကြားချက်ဟာ သူမ မိသားစုအပေါ် တစုံတရာ ထိခိုက်မှုရှိခဲ့ရင် တောင်းပန်ပါတယ်လို့ ဗြိတိသျှ နိုင်ငံခြားရေး ၀န်ကြီး ဘောရစ်ဂျွန်ဆင် က ပြောကြားလိုက်ပါတယ်။

Nazanin Zaghari-Ratcliffe ဟာ ဗြိတိန်နဲ့ အီရန် နှစ်နိုင်ငံသား ခံယူထားပြီး ထောင်မကျခင် ရိုက်တာ သတင်းဌာနမှာ အလုပ်လုပ်ခဲ့သူဖြစ်ပါတယ်။

မစ္စ ရက်ကလစ်ဟာ မနှစ်က တီဟီရန်မှာ သင်တန်းပေးနေတုန်း အဖမ်းခံရတာလို့ မစ္စတာဂျွန်ဆင် က ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပြောလိုက်တာ ဖြစ်ပါတယ်။

အခုလို ပြောကြားမှုကြောင့် သူမ အနေနဲ့ နောက်ထပ် ဥပဒေကြောင်းအရ အရေးယူ ခံရနိုင်ပါတယ်။

သူမဟာ အီရန်ကို မိသားစုနဲ့ အပန်းဖြေ ရီးသွားစဉ် အဖမ်းခံရတာလို့ သူ့မိသားစုနဲ့ သူ့လွတ်မြောက်ရေး လှုပ်ရှားနေသူတွေက တစိုက်မတ်မတ် ပြောလာခဲ့တာ ဖြစ်ပါတယ်။