တရုတ်ခရီးစဉ်မှာ ထရမ့်က ရှီကို နွေးထွေးစကားဆို

ဓာတ်ပုံ မူပိုင် Reuters
Image caption သမ္မတထရမ့် တရုတ်နိုင်ငံကို ရောက်နေ

ဘေဂျင်းခရီးစဉ်မှာ သမ္မတထရမ့်က မြောက်ကိုရီးယားရဲ့ ဒေသတွင်း နျူးကလီးယား လျှော့ချရေးနဲ့ ပတ်သက်ပြီး အားတက်သရော နားချပေးဖို့ မစ္စတာရှီ ကို တိုက်တွန်းခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေး ပိုလျှံမှုနဲ့ ပတ်သက်ပြီး တရုတ်ဟာ အကျိုးအမြတ်ယူနေတာကို အပြစ်မတင်ဘူး လို့ တရုတ်သမ္မတနဲ့ တွေ့ဆုံစဉ် မစ္စတာထရမ့် ပြောဆိုခဲ့တာကိုတော့ အံ့အားသင့်ခဲ့ကြပါတယ်။

သမ္မတထရမ့် ဟာ အာရှ (၅) နိုင်ငံခရီးစဉ် ရဲ့ တစိတ်တပိုင်းအဖြစ် တရုတ်နိုင်ငံကို ရောက်နေတာ ဖြစ်ပါတယ်။

ကြာသပတေးနေ့ မနက်ပိုင်းမှာတော့ သမ္မတထရမ့်ကို နိုင်ငံတော် အခမ်းအနားနဲ့ တခမ်းတနား ကြိုဆိုခဲ့ပြီး ဒီနောက်တော့ ခေါင်းဆောင် (၂)ဦး တွေ့ခဲ့ကြပါတယ်။

ခရီးစဉ်အတွင်း ခေါင်းဆောင် (၂)ဦးဟာ အမေရိကန် ဒေါ်လာ ၂၅၀ ဘီလျံ တန်ဖိုးရှိတဲ့ စီးပွားရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုးနိုင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

ဒီစီးပွားရေး သဘောတူညီချက်ဟာ အရင်တုန်းက လုပ်ခဲ့တဲ့ သဘောတူညီချက်တွေ ကို ပြန်ပြောတာလား၊ ဒါမှမဟုတ် နောင်အလားအလာရှိမယ့် သဘောတူညီချက်တွေ နဲ့ အကျုံးဝင်သလား ဆိုတာတွေကိုတော့ ရှင်းရှင်း လင်းလင်း မသိရပါဘူး။

ဓာတ်ပုံ မူပိုင် Reuters
Image caption သမ္မတထရမ့် တရုတ်နိုင်ငံကို ရောက်နေ
ဓာတ်ပုံ မူပိုင် Reuters
Image caption သမ္မတထရမ့် တရုတ်နိုင်ငံကို ရောက်နေ

ကြာသပတေး ညမှာတော့ ဘေဂျင်းရောက်နေတဲ့ သမ္မတထရမ့် ကို နိုင်ငံတော် ညစာစားပွဲနဲ့ တည်ခင်း ဧည့်ခံမှာ ဖြစ်ပါတယ်။

သမ္မတထရမ့်ဟာ အာရှ (၅)နိုင်ငံ ခရီးစဉ်အဖြစ် တောင်ကိုရီးယားနဲ့ ဂျပန်ကို သွားခဲ့ပြီး နောက်ထပ် ဗီယက်နမ် နဲ့ ဖိလစ်ပိုင်နိုင်ငံတွေကို ဆက်လက်သွားရောက်ဖို့ ရှိနေပါတယ်။

ဘီဘီစီ တဝန်း