ရခိုင်ပဋိပက္ခတွေကို ဝိုင်းဝန်းအဖြေရှာနိုင်ဖို့ ဆွေးနွေး

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ဒေါက်တာအောင်မျိုး၊ ဦးတင်အေးကြူ၊ ဦးညီပုလေး၊ ဦးဝင်းမော်(ရွှေသံစဉ်)၊ ဦးညိုထွန်း တို့ ပင်တိုင် ဆွေးနွေး

မန္တလေး အောင်မြေသာစံမြို့နယ်က ဝင်းရတနာခန်းမမှာ ပြုလုပ်ခဲ့တဲ့ ဒီစကားဝိုင်းဆွေးနွေးပွဲမှာ ဒေါက်တာအောင်မျိုး၊ ဦးတင်အေးကြူ၊ ဦးညီပုလေး၊ ဦးဝင်းမော်(ရွှေသံစဉ်)၊ ဦးညိုထွန်း တို့က ပင်တိုင် ဆွေးနွေးခဲ့ကြတာပါ။

ဒေါက်တာအောင်မျိုးက ဧည့်စာရင်းဥပဒေ ပယ်ဖျက်လို့ ရခိုင်မှာ ပြဿနာတွေ တက်ရကြောင်းနဲ့ ရပ်ရွာအုပ်ချုပ်ရေးအတွက် ဒေသန္တရ အုပ်ချုပ်ရေး အရေးကြီးကြောင်း ဆွေးနွေးခဲ့ပြီး ရွှေသံစဉ် ကိုဝင်းမော်ကတော့ အနောက်တံခါး ကျိုးပေါက် နေတာကို ဝိုင်းဝန်း အဖြေရှာဖို့ကို ဆွေးနွေးပြောဆိုခဲ့ပါတယ်။

လူသားအားလုံးဟာ သံသရာ အစဉ်အဆက် အမျိုးတော် ခဲ့ကြသူတွေဖြစ်လို့ လူသားချင်း စာနာစိတ်ထားကြဖို့နဲ့ အစိုးရ တခုတည်းကိုပဲ အပြစ်တင် နေတာထက် ဝိုင်းဝန်း ဆွေးနွေး အဖြေရှာဖို့ကို စာရေးဆရာ ညီပုလေးက ထောက်ပြ ဆွေးနွေးခဲ့ပါတယ်။

ရခိုင်ပြဿနာနဲ့ ပတ်သက်ပြီး ဦးတင်အေးကြူ ကတော့ ရိုဟင်ဂျာသမိုင်း ဆိုတာ တချိန်က ရှိခဲ့တဲ့အတွက် ခုမှ ငြင်းဆန်နေလို့ ရမှာမဟုတ်ဘဲ အဓိက ပြဿနာ အရင်းအမြစ်ကို သေချာ ရှာဖြေရှင်းဖို့ ဆွေးနွေးပါတယ်။

ဦးတင်အေးကြူ ရဲ့ ဆွေးနွေးချက် ကိုတော့ မဘသအဖွဲ့က တက်လာတဲ့ သံဃာတချို့က ကန့်ကွက်တာတွေ ရှိခဲ့ပါတယ်။

နောက်ပိုင်း အမေးအဖြေကဏ္ဍနဲ့ တဖက်နဲ့တဖက် အပြန်လှန် ငြင်းခုံ ဆွေးနွေးခဲ့ကြတဲ့ ဒီစကားဝိုင်းကို လူဦး ၁၅ဝ လောက် တက်ရောက်ခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ရခိုင်အရေး မန္တလေးမှာ ဆွေးနွေး