ရိုဟင်ဂျာအရေး ဘင်္ဂလားဒေ့ရှ်ကို တရုတ်ကူမယ်

ဓာတ်ပုံ မူပိုင် Getty Images
Image caption မြန်မာ ဖက်ကနေ ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ

လက်ရှိဖြစ်ပွားနေတဲ့ ရိုဟင်ဂျာ ပြဿနာ လျော့ကျသွားအောင် တရုတ်က အကူအညီပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်က ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လတုန်းက အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် မြန်မာကနေ ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးသူ ခြောက်သိန်းကျော်ရှိပြီလို့ ကုလသမဂ္ဂက ပြောနေပါတယ်။

အဲလို ထွက်ပြေးလာတဲ့ သူတွေဟာ ဘင်္ဂလားဒေ့ရှ် ဖက်က ဒုက္ခသည်စခန်းတွေမှာ ပြည့်သိပ် ကျပ်ညပ် နေထိုင်နေရတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ ကြား၀င်မှု အစား မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် တို့ကြား နှစ်ဖက်ညှိနှိုင်းဆွေးနွေး အဖြေရှာဖို့ မနေ့က စနေနေ့တုန်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး နဲ့ တွေ့ဆုံပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီး ၀မ်ရီ က ပြောကြား လိုက်ပါတယ်။

မြန်မာအနေနဲ့ သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲကို တုန့်ပြန် အဖြေရှာပြီး သိန်းနဲ့ချီရဲ့ ဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဘင်္ဂလားဒေ့ရှ် က ပြောပါတယ်။

ရခိုင်မြောက်ပိုင်းမှာ ရွာတွေ ရာနဲ့ချီ မီးလောင်ပြာကျခဲ့ရတာဟာ လူမျိုးတုန်း ရှင်းလင်းမှုဘဲလို့ ကုလသမဂ္ဂက ပြောနေတာ ဖြစ်ပါတယ်။