ရှမ်းပြည်မှာ စိုက်ပျိုးရေး လုပ်ချင်သူတွေကို ဖိတ်ခေါ်

Image caption ရှမ်းပြည်နယ် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူဒေသခံတွေ

ရှမ်းပြည်နယ် အစိုးရပိုင်မြေတွေမှာ စိုက်ပျိုးရေးလုပ်ငန်းကို အစိုးရနဲ့ အကျိုးတူလုပ်ဆောင်ချင်တဲ့ သူတွေအနေနဲ့ လာရောက် လုပ်ဆောင်နိုင်တယ်လို့ ရှမ်းပြည်နယ်အစိုးရ က ဖိတ်ခေါ်လျက် ရှိပါတယ်။

ရှမ်းပြည်နယ်တစ်ခုလုံးမှာ အစိုးရပိုင်မြေဧက ၃ သိန်းကျော်ရှိပြီး အဲဒီမြေဧက ၃ သိန်းကျော်မှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ချင်တဲ့ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေအနေနဲ့ အစိုးရနဲ့ ပူး ပေါင်း လုပ်ဆောင် နိုင်တယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနဲ့ စိုက်ပျိုးရေးဝန်ကြီး ဦးစိုးညွန့်လွင် ကပြောပါတယ်။

နည်းပညာနဲ့ ဝင်ငွေပိုမို ရရှိလာနိုင်တဲ့အတွက် အခုလို ဖိတ် ခေါ်ရတာ ဖြစ်ပြီး အစိုးရကဦးဆောင်ပြီးလုပ်တဲ့ အဲဒီစီမံကိန်းတွေ အောင်မြင်လာတာကိုကြည့်ကာ ဒေသခံပြည်သူတွေ လိုက်လုပ်လာအောင် ရှေ့ဆောင်လမ်းပြ သဘောလုပ်ဆောင်တာလို့ ဝန်ကြီးကဆိုပါတယ်။

မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူအများစုဟာ နည်းပညာအားနည်းတာရယ် မျိုးကောင်းမျိုးသန့် မရှိတာတွေကြောင့် ဒေသတွင်းနိုင်ငံက ထွက်ရှိတဲ့သီးနှံတွေနဲ့ ဈေးနှုန်းကော အရည်အသွေးပါ မယှဉ်နိုင် ဖြစ်နေရပါတယ်။

အစိုးရအနေနဲ့ ဒေသထွက် သီးနှံတွေကို ဈေးကွက်မရှာပေးနိုင်ရင်တော့ ဒေသခံတွေအတွက် အကျိုးသိပ်ရှိမှာ မဟုတ်ဘူးလို ရှမ်းပြည်နယ် အခြေစိုက် အရပ်ဖက် အဖွဲ့အစည်းတွေမှာ တက်ကြွစွာ ပါဝင်တဲ့ စိုင်းအောင်မြင့်ဦး က ပြောပါတယ်။

လက်ရှိမှာတော့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ထိုင်းနိုင်ငံကလုပ်ငန်းရှင်နဲ့ အမေရိကန်အခြေစိုက်လုပ်ငန်းရှင် တချို့ စိုက်ပျိုးပြီး ထိုင်းနိုင်ငံကို တင်ပို့ တာတွေ လုပ်ဆောင်နေပါတယ်။

အစိုးရက လာရောက် ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ေနပေမဲ့ လုပ်ငန်းရှင်တွေ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဆိုရင် ဒေသမှာ တည်ငြိမ်အေးချမ်းမှု ရှိဖို့က အဓိက လိုအပ်ချက် ဖြစ်နေပါတယ်။