ဖိလစ်ပိုင်ဈေးဝယ်စင်တာမီးလောင်၊ ၃၇ ယောက်သေဆုံး

Image caption ဒါဗာအိုမြို့က ဈေးဝယ်စင်တာမီးလောင် လူ၃၇ယောက်သေဆုံး

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ၊ ဒါဗာအိုမြို့က ဈေးဝယ်စင်တာတခုမှာ မီးလောင်မှုကြောင့် အနည်းဆုံး လူ၃၇ယောက် သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

စနေနေ့မနက်က အဲဒီဈေးဝယ်စင်တာရဲ့ တတိယထပ်ကနေ စပြီးမီးလောင်တာကြောင့် စင်တာဝန်ထမ်းတွေက မီးသတ်ကို အကြောင်းကြားခဲ့ပါတယ်။

ဒါပေမယ့် ဒေသခံတာဝန်ရှိသူက သူတို့အခြေအနေက အသက်ရှင်ဖို့အခွင့်အလမ်းနည်းခဲ့တယ် လို့ဆိုပါတယ်။

သမ္မတဒူတာတေးကတော့ ဒီမီးလောင်မှုမှာ ပျောက်ဆုံးနေတဲ့သူတွေရဲ့ မိသားစုတွေကို တွေ့ဆုံခဲ့ပါတယ်။

ဒီမီးလောင်ရတဲ့ အကြောင်းအရင်းတော့ အခုချိန်ထိ မသိသေးပါဘူး။

ဒါဗာအိုမြို့ဟာ ဖိလစ်ပိုင်ရဲ့ မြို့တော် မနီလာရဲ့ အရှေ့တောင်ဘက် မိုင်၅၀ဝမှာ ရှိတာပါ။

စနေနေ့က ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုကျွန်းမှာ အပူပိုင်း မုန်တိုင်း တမ်ဘင် ကြောင့် လူပေါင်း တရာကျော် သေဆုံးခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ