ကာဘူးမှာ အသေခံဗုံးဖောက်

ဓာတ်ပုံ မူပိုင် Reuters
Image caption အာဖကန်ထောက်လှမ်းရေး ဌာနချုပ်နားမှာ အသေခံဗုံးဖောက်ခွဲမှု ဖြစ်

ကနေ့မနက်မှာပဲ ကဘူးမြို့က အာဖကန်ထောက်လှမ်းရေး ဌာနချုပ်နားမှာ အသေခံဗုံးဖောက်ခွဲမှု ဖြစ်ခဲ့တာကြောင့် လူခြောက်ယောက် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ သုံးယောက်ထပ်မံ ဒဏ်ရာရခဲ့ပြီး သူတို့ အလုပ်လုပ်နေတဲ့ လမ်းမှာ အဲဒီလို တိုက်ခိုက်သူဟာ လမ်းလျှောက်ပြီးဝင်လာတာဖြစ်ပါတယ်။

ထိခိုက်သူတွေထဲမှာ အခင်းဖြစ်ပွားရာနေရာမှာ ကားနဲ့ဖြတ်သန်း သွားလာနေတဲ့ အမျိုးသမီးတဦးလည်း ပါဝင်တယ်လို့ တာဝန်ရှိသူတွေရဲ့ သတင်းပေးပို့ချက်ထဲမှာ ပါဝင်ပါတယ်။

ရိုက်တာသတင်းဌာနရဲ့ ဖော်ပြချက်အရ အစ္စလမ်မစ်နိုင်ငံများအုပ်စုက ဒီတိုက်ခိုက်မှုကို သူတို့လုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အာဖကန်နစ္စတန်မှာ မကြာသေးခင်လများအတွင်းကလည်း ဒီလို ဗုံးဖောက်ခွဲမှုတွေ ရှိခဲ့ပါတယ်။

အောက်တိုဘာလအတွင်းက ရှီးဗလီတခုမှာ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၃၉ယောက် သေဆုံးခဲ့ပါတယ်။

မေလထဲမှာလည်း အစိမ်းရောင်နယ်မြေလို့ လူသိများတဲ့ သံတမန်ရပ်ကွက်တခုမှာ ပြင်းထန်တဲ့ ဗုံးပေါက်ကွဲမှုကြောင့် လူပေါင်း ၁၅၀ သေဆုံးခဲ့ပါတယ်။

အမေရိကန်ဦးဆောင်တဲ့ တပ်ဖွဲ့တွေဟာ အာဖရိကန်နစ္စတန်က တာလီဘန်တွေကို တိုက်ထုတ်ခဲ့တဲ့ ၂၀ဝ၁ ခုနှစ်နောက်ပိုင်း တာလီဘန်တွေက အခုလို ပြန်လည် တိုက်ခိုက်တာတွေ လုပ်ခဲ့တာဖြစ်ပါတယ်။