မသေဆေးကို အပူတပြင်းရှာဖို့ တရုတ် ဧကရာဇ် အမိန့်ပေး

ဓာတ်ပုံ မူပိုင် Renegade Pictures
Image caption ချင်းရှာဟွာဟွန် ဧကရာဇ် ထုလုပ်စေခဲ့တဲ့ မြေထည် စစ်သားရုပ် ၈ထောင်ကျော်

တရုတ်နိုင်ငံရဲ့ ပထမဆုံး ဧကရာဇ် ချင်းရှာ ဟွာဟွန်ဟာ မသေဆေးကို အပူတပြင်း ရှာဖွေခဲ့ကြောင်း ရှေးဟောင်း သုတေသနလုပ်ရာကနေ သိလာရပါတယ်။

စာရွက်တွေ မပေါ်မီ ဝါးချပ်တွေပေါ်မှာ ရေးသားထားတဲ့ စာတွေကို ၂၀၀၂ ခုနှစ်က ဟူနန်ခရိုင်မှာရှိတဲ့ ရေတွင်းတခုရဲ့ အောက်ခြေကနေ ရှေးဟောင်း သုတေသီတွေက တွေ့ရှိခဲ့ရာကနေ ခုလို သိရှိခဲ့တာ ဖြစ်ပါတယ်။

ဘီစီ ၂၁ဝမှာ အသက် ၄၉ နှစ်အရွယ် ဧကရာဇ် ချင်းရှာဟွာဟွန် မကွယ်လွန်ခင်က နိုင်ငံတဝန်းလုံးမှာ ဒီဆေးကို ရှာဖွေဖို့ အမိန့်ပေးခဲ့တာကို ဒေသခံအစိုးရက မရှာဖွေနိုင်ခဲ့တဲ့အကြောင်းကို မှတ်တမ်း တင်ထားခဲ့တာ ဖြစ်ပါတယ်။

ချင်းရှာဟွာဟွန် ဧကရာဇ် ထုလုပ်စေခဲ့တဲ့ မြေထည် စစ်သားရုပ် ၈ထောင်ကျော် အပါအဝင် စစ်သုံး မြင်းရုပ်တွေကို ၁၉၇၀ ကျော်တုန်းကလည်း ရှာဖွေတွေ့ရှိခဲ့ပြီး အဲဒီတွေ့ရှိမှုကလည်း ရှေးဟောင်း သုတေသန သမိုင်းမှာ အင်မတန် အရေးပါ လူသိများခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ