သေရွာပြန် စပိန်အကျဉ်းသား

Image caption စပိန်မှာ အကျဉ်းသားတယောက်ကို သေပြီလို့ မှားယွင်းဆုံးဖြတ်

စပိန်နိုင်ငံမြောက်ပိုင်းမှာ အကျဉ်းသား တယောက်ဟာ သေဆုံးသွားပြီ ဖြစ်ကြောင်း ဝါရင့် ဆရာ၀န်သုံးယောက်ရဲ့ အတည်ပြုချက်အရ ရေခဲတိုက်ကို ပို့ဆောင်လိုက်စဉ်မှာ သူ ပြန်သတိရ လာခဲ့ပါတယ်။

Asturias ဒေသက ထောင်မှာ အကျဉ်းသား Gonzalo Montoya Jimenez ဟာ သေမှုသေခင်းဆိုင်ရာ ဆေးစစ်မှုတွေ မလုပ်ခင် နာရီပိုင်း အလိုမှာ သတိပြန်၀င်လာတာ ဖြစ်ပါတယ်။

အခုတော့ သူ့ကို ဆေးရုံက အတွင်းလူနာဌာနဆီ ပို့လိုက်ပြီ ဖြစ်ပါတယ်။

catalepsy လို့ခေါ်တဲ့ သတိနဲ့ အာရုံခံစားမှုတွေလျော့ကျလာပြီး ဒါကို စမ်းသပ် သိနိုင်ဖို့ မလွယ်ကူတဲ့ ဝေဒနာကို မစ္စတာ မွန်တိုရာ ခံစားနေရတာလို့ သံသယရှိကြောင်း ဆေးရုံက ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ