ကလေးတွေSmartphone အလွန်အကျွံ သုံးလို့စိုးရိမ်

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကလေးတွေ စမာ့ထ်ဖုန်း တချိန်လုံးသုံးလို့ မိဘတွေ စိုးရိမ်လာ

ကလေးတွေ စမာ့ထ်ဖုန်း အလွန်အကျွံသုံးမှုကြောင့် ရှိလာနိုင်မယ့် သက်ရောက်မှုတွေကို ထည့်သွင်း မစဉ်းစားဖူး ဆိုရင် ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာအပေါ် ထိခိုက်မှုတွေ ရှိလာလိမ့်မယ်လို့ အက်ပဲလ်ကုမ္ပဏီမှာ အရေးပါတဲ့ ရင်းနှီးမြုပ်နှံတဲ့ အဖွဲ့နှစ်ဖွဲ့က သတိပေးလိုက်ပါတယ်။

အက်ပဲလ် ကုမ္ပဏီမှာ အဓိက ရင်းနှီးမြုပ်နှံထားသူတွေကတော့Jana Partners နဲ့ California teachers' pension fund တို့ ဖြစ်ပါတယ်။

ကလေးတွေ အနေနဲ့ စမာ့ထ်ဖုန်းသုံးတဲ့အခါ အချိန် အကန့်အသတ်နဲ့သာ သုံးနိုင်အောင် ဆော့ဖ်ဝဲ တမျိုး တီထွင်ထုတ်လုပ်ပေးဖို့ အဲဒီ အဖွဲ့တွေက အက်ပဲလ် ကုမ္ပဏီကို ပန်ကြားထား ပါတယ်။

ကလေးတွေအပေါ် နည်းပညာရဲ့ သက်ရောက်မှုနဲ့ ပတ်သက်လို့ လေ့လာစာတမ်း ပြုစုနေတဲ့သုတေသီတွေကလည်း ဒီတောင်းဆိုချက်ကို ကြိုဆိုလိုက်ပါတယ်။

ဆက်စပ် အကြောင်းအရာများ