ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အဖွဲ့ ကြေညာချက်ထုတ်

ဓာတ်ပုံ မူပိုင် MOI
Image caption ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဉီးဆောင်အဖွဲ့နဲ့ ကာကွယ်ရေး ဉီးစီးချုပ်တို့ ၂၀၁၆မှာ တွေ့ဆုံစဉ်

တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA လက်မှတ်ထိုး ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်းရေး အဖွဲ့အစည်း NCA-s EAO ၈ဖွဲ့ ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အရေးပေါ် အစည်းအဝေးကို ဇန္နဝါရီလ ၁၁ ရက်နဲ့ ၁၂ ရက်မှာ ကျင်းပခဲ့ပြီး ကြေညာချက် တရပ် ထုတ်ပြန်ခဲ့ပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ရဲ့ တတိယ အစည်းအဝေးကို နိုင်ငံရေး ဆွေးနွေးပွဲ ဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးမှသာ ဆက်လက် ပြုလုပ်သွားဖို့ တောင်းဆို ထားပါတယ်။

အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေနဲ့ လူထု တွေ့ဆုံ ဆွေးနွေးပွဲတွေ အပေါ် လျစ်လျူရှုတာတွေ ၊ ကန့်သတ်ပိတ်ပင်တာတွေကို နိုင်ငံတော် တာ၀န်ရှိသူတွေနဲ့ ဆွေးနွေး အဖြေရှာ သွားဖို့ အဲဒီ အစည်းအဝေးမှာ သဘောတူ ခဲ့ကြပါတယ်။

ဒါ့အပြင် တတိယ အကြိမ် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ ထိရောက် အောင်မြင်စွာ ကျင်းပ နိုင်ရေး အတွက် ကျန်ရှိနေတဲ့ လုပ်ငန်းစဉ်တွေကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့ နဲ့NCA နဲ့ ပတ်သက်လို့ နားလည်မှု ကွဲလွဲချက် အပေါ် ဆက်လက် ဆွေးနွေး ညှိနှိုင်း သွားဖို့ အချက်တွေလည်း ပါဝင်ပါတယ်။