ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ ပြည်ထောင်စု ဝန်ကြီးများ ခေါ်တွေ့

Image caption ပြည်ထောင်စု ဝန်ကြီးတွေကို ခေါ်ယူတွေ့ဆုံတာဟာ မကြာခင် အစိုးရအဖွဲ့ကို အပြောင်းအလဲလုပ်ဖို့ ခေါ်ပြောတာ ဖြစ်နိုင်တယ်

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော် နေအိမ်မှာ တနင်္ဂနွေည ၇ နာရီ ဝန်းကျင်မှာ ပြည်ထောင်စု အဆင့် ဝန်ကြီး အားလုံးကို ခေါ်ယူတွေ့ဆုံခဲ့တယ်လို့ နေပြည်တော် ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အစိုးရ သက်တမ်း ၂ နှစ်တာ ကာလအတွင်း အခုလို ကက်ဘိနက် အစည်းအဝေး အရေးပေါ် ခေါ်ယူတဲ့ ပုံစံ ပြုလုပ်တာ ပထမဆုံး အကြိမ်လို့ ဆိုပါတယ်။

ဒီကနေ့မှာ ပြည်ထောင်စု လွှတ်တော် စတင်ဖို့ ရှိနေသလို အခုလို ပြည်ထောင်စု ဝန်ကြီးတွေကို ခေါ်ယူတွေ့ဆုံတာဟာ မကြာခင် အစိုးရအဖွဲ့ကို အပြောင်းအလဲလုပ်ဖို့ ခေါ်ပြောတာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်နေတယ်လို့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

အရင်က ပြည်ထောင်စု ဝန်ကြီးအားလုံးကို နေအိမ်မှာ အခုလို ခေါ်ယူတွေ့ဆုံတာ မရှိခဲ့ဖူးဘူး လို့လည်း ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ