ဧရာဝတီတိုင်း ဝန်ကြီးချုပ်သစ်အဖြစ် ဦးလှမိုးအောင်ကို ခန့်အပ်

Image caption ဧရာဝတီတိုင်း ဝန်ကြီးချုပ်သစ်အဖြစ် ဦးလှမိုးအောင်ကို ခန့်အပ်

နုတ်ထွက်သွားတဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ နေရာမှာ မြန်အောင်မဲဆန္ဒနယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှမိုးအောင်ကို အစားထိုးခန့်အပ်ဖို့ ဧရာဝတီတိုင်းလွှတ်တော်ကနေ ကန့်ကွက်သူမရှိဘဲ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။

ဧရာဝတီတိုင်း ဝန်ကြီးချုပ်အသစ် ဖြစ်လာမယ့် ဦးလှမိုးအောင်ဟာ စီးပွားရေး တိုးတက်အောင် လုပ်ဆောင်သွားမှာ ဖြစ်ပြီး စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးအောင် ဦးတည်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

နောက်ပြီး ဧရာဝတီတိုင်းဒေသအတွင်း သိမ်းဆည်းထားတဲ့ မြေယာတွေကိုလည်း ပိုင်ရှင်မှန်တွေထံ ပြန်လည်ရရှိအောင် ကြိုးစားသွားမယ်လို့လည်း ဆိုပါတယ်။

သူ့ရဲ့ ဝန်ကြီးချုပ် သက်တမ်းအတွင်း ဧရာဝတီတိုင်းဒေသကြီး ဘဏ္ဍာငွေ တိုးတက်အောင် လုပ်ဆောင်သွားမှာ ဖြစ်သလို အခွန်သစ်တွေ ကောက်ခံသွားမှာ ဖြစ်ပြီး အခွန်ရှောင်တွေကိုလည်း ရှာဖွေသွားမယ်လို့ ပြောပါတယ်။

ဒီအခွန်တွေကို ပြည်သူတွေထံ စနစ်တကျ သုံးနိုင်အောင် ဆောင်ရွက်သွားမယ်လို့လည်း ကတိပေးပြောကြားခဲ့ပါတယ်။

အသက် (၅၃) နှစ်အရွယ် ဦးလှမိုးအောင်ဟာ စိုက်ပျိုးရေးတက္ကသိုလ်ဘွဲ့ရ တစ်ဦးဖြစ်ပြီး တိုင်းလွှတ်တော် စိုက်ပျိုးမွေးမြူရေး၊ ဆည်မြောင်း

နဲ့ သယံဇာတရေးရာကော်မတီ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။