အစာရှာရ ခက်လာတဲ့ ဝင်ရိုးစွန်း ဝက်ဝံများ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အစာရှာရ ခက်လာတဲ့ ဝင်ရိုးစွန်း ဝက်ဝံများ

သိပ္ပံပညာ ရှင်တွေက ရှားပါးစ ပြုလာနေတဲ့ ဝင်ရိုးစွန်း ဝက်ဝံဖြူ ကြီးတွေ ပိုပြီး ရှင်သန် နေထိုင် လာနိုင်အောင် စမ်းသပ်မှုတွေ လုပ်နေကြပါတယ်။ သူတို့ ဘယ်လို အစား အစာတွေ စားကြသလဲ စွမ်းအင် ဘယ်လို ရကြသလဲ ဆိုတာကို လေ့လာနေကြပါတယ်။ အဲဒီ ဝက်ဝံဖြူကြီး တွေရဲ့ ဇီဝ ဖြစ်စဉ်နှုန်းဟာလည်း အရင်က ထင်ထားတာထက် ပိုမြင့်မားနေကြတာကို တွေ့ခဲ့ရပါတယ်။ နောက်ပြီး အစာ လုံလုံလောက်လောက် မရှာနိုင်ကြတဲ့အတွက် လိုအပ်တဲ့ စွမ်းအင် မရနိုင် ဖြစ်နေကြတယ်လို့ ဆိုပါတယ်။ မသီဒါနွယ်က ပြောပြမှာပါ။