သမ္မတ ဇူးမားရဲ့ အနာဂတ်ကို ဆုံးဖြတ်တော့မယ်

ဓာတ်ပုံ မူပိုင် Reuters
Image caption အေအန်စီ ပါတီခေါင်းဆောင် Ramaphosa

တောင်အာဖရိကမှာ သမ္မတ ဂျက်ကော့ဇူးမားရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ပါတီက နောက်ဆုံး ဆုံးဖြတ်ချက်ချမယ်လို့ အေအန်စီ ပါတီခေါင်းဆောင် Cyril Ramaphosa က ပြောပါတယ်။

တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့မှာ မနေ့ က ကွယ်လွန်သူ တောင်အာဖရိက ခေါင်းဆောင်ကြီး နယ်လ်ဆင်မဲန်ဒဲလား ရဲ့ အသက်နှစ်တရာ ပြည့် အခန်းအနားမှာ အာဏာရ အာဖရိက အမျိုးသား ကွန်ဂရက် အေအဲန်စီ ပါတီ ဥက္ကဌ စီရီလ် ရာမာပိုစာ က မဲန်ဒဲလား ရဲ့ လူ့တန်ဖိုး နဲ့ ရပ်တည်ချက် ကို ဆက်လက်ထိန်းသိမ်းရ မဲ့ အကြောင်း နဲ့ တောင်အာဖရိက အဓိက ရင်ဆိုင်နေရတဲ့ သမ္မတ ဂျက်ကော့ဘ်ဇူးမား ကို ရာထူး မှ ဖယ်ရှားရေး တို့ကို ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ကနေ့ ဖေဖော်ဝါရီ ၁၂ရက် မှာတော့ အေအဲန်စီ ပါတီ အစည်းအဝေး မှ တဆင့် မစ္စတာ ဇူးမား ကို သမ္မတရာထူး က ဆင်းပေးဖို့ တောင်းဆိုမဲ့ အကြောင်း သူနဲ့လည်းဒီကိစ္စ ဆွေးနွေး နေတဲ့ အကြောင်း မစ္စတာ ရာမာပိုစာ က ပြောပါတယ်။

သမ္မတ ဇူးမား ဟာ အဂတိ လိုက်စားမှု တွေ နဲ့ ငြိစွန်းနေ လို့ သူ့ကို ရာထူး က ဆင်းပေးဖို့ ဖိအားပေးနေကြပေမဲ့ သူ့ဘက် က ငြင်းဆန်နေဆဲ ဖြစ်ပါတယ်။

တဖက်မှာလည်း မစ္စတာ ဇူးမား က သမ္မတရာထူး က နှုတ်ထွက်သွားတဲ့ တိုင်အောင် သူ့ အရှုပ်တော်ပုံ ဖြစ်တဲ့ အဂတိ လိုက်စားမှု တွေ အဆုံးသတ်စေရေး နဲ့ ပါဝင် ပတ်သက်သူတွေ ကို အရေးယူရေး စတာတွေ ဟာ သူ့ရာထူး ကိုဆက်ခံမဲ့ သူ အတွက်လည်း ခေါင်းခဲစရာ ဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။

ဆက်စပ် အကြောင်းအရာများ