တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးရဲ့ မိတ်ဆွေဟောင်း ထောင်ဒဏ် နှစ်၂၀ ချမှတ်ခံရ

ဓာတ်ပုံ မူပိုင် AFP
Image caption မစ်စ် ချွိုင်က သူဟာ ခွင့်မလွှတ်နိုင်လောက်တဲ့ ရာဇဝတ်မှုကို ကျူးလွန်ခဲ့တယ်လို့ ပြောခဲ့

တောင်ကိုရီးယားနိုင်ငံမှာ သမ္မတ ပတ် ဂွန်ဟေး ရာထူးကနေ နုတ်ထွက်ပေးခဲ့ရတဲ့ အထိ ဖြစ်ခဲ့တဲ့ အဂတိ လိုက်စားမှု အရှုပ်တော်ပုံကြီးမှာ အဓိက ပါဝင်ခဲ့သူ အမျိုးသမီးကို ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ပါတယ်။

မစ်စ်ပတ် ရင်းနှီးတဲ့ မိတ်ဆွေ တဦးဖြစ်တဲ့ ချွိုင် ဆွန်းဆီလ် ဆိုသူ အဲဒီ အမျိုးသမီးဟာ အာဏာ အလွဲသုံးစားမှု၊ ခြိမ်းခြောက်မှု၊ လာဘ်စားမှု စတဲ့ စွဲချက်တွေနဲ့ ပြစ်မှု ထင်ရှားခဲ့တာပါ။

တောင်ကိုရီးယားသမ္မတ ရာထူးကထုတ်ပယ်ခံရ

တောင်ကိုရီးယား ကုမ္ပဏီတွေကို သမ္မတနဲ့ တွေ့ခွင့် ရဖို့အတွက် မစ်စ် ချွိုင်က သူထိန်းချုပ်တဲ့ ရံပုံငွေ အဖွဲ့နှစ်ခုထဲ ဒေါ်လာ သန်းပေါင်း များစွာ အတင်း ထည့်ခိုင်းခဲ့တာ ဖြစ်ပါတယ်။

အခု သူ့ကို ပြင်းထန်တဲ့ ပြစ်ဒဏ် ချမှတ်လိုက်တဲ့အတွက် အဂတိ လိုက်စားမှုနဲ့ လာမယ့်လမှာ ရုံးတင် စစ်ဆေးဖို့ ရှိတဲ့ မစ်စ် ပတ်ရဲ့ ကံကြမ္မာပေါ် ရိုက်ခတ်မှုတွေ ရှိလာလိမ့်မယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ