ဝိနည်းနဲ့မညီတဲ့သံဃာတွေကို အရေးယူဖို့၀န်ကြီးပြော

ဓာတ်ပုံ မူပိုင် MOI
Image caption သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီး သူရဦးအောင်ကို

ဝိနည်းနဲ့မညီဘဲ အဓ္ဓမဝါဒအားပေးတဲ့ သဘော သက်ရောက်နေတဲ့ သံဃာ တချို့ကို အရေးယူဖို့ ပြင်ဆင်နေ တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမူ့ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ကပြောကြား လိုက်ပါတယ်။

အရေးယူ ဆောင်ရွက်နိုင်ဖို့ အတွက် သံဃာ့စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့တွေကို မြို့နယ်တိုင်းမှာ ဖွဲ့စည်း ထားပြီး စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က တင်ပြလာတဲ့ အမှုတွေကို ရန်ကုန်တိုင်း သံဃာ့ မဟာနာယက အဖွဲ့ ကနေ ဝိနိစ္စအဖွဲ့တွေ ၊ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ၊ ဖွဲ့စည်းစစ်ဆေးပြီး အဆင့်ဆင့် အပြစ်ပေး အရေး ယူသွားမှာ ဖြစ်တယ်လို့ ဝန်ကြီးသူရဦးအောင်ကို ကပြောပါတယ်။

သူတို့ ၀န်ကြီး ဌာန အနေနဲ့ အွန်လိုင်းကကော ၊ ရေးသားချက်တွေမှာကော တရားမဲ့ တိုက်တွန်း ပြောဆို နိုးဆော်မှုတွေကို မှတ်တမ်း တင်ထားပြီး သက်ဆိုင်ရာ သံဃာ့ မဟာနာယက အဖွဲ့ကို တင်ပြကြောင်း ၊ ဆရာတော်တို့ အနေနဲ့ သွန်သင်ပေးဖို့ လျှောက်ထားကြောင်း ၊ သူတို့မှာ မှတ်တမ်းတွေ ရှိတယ်လို့ ၀န်ကြီးက ပြောပါတယ်။

အခု အခါ ယခင်ကထက် ပိုမို ကြပ်ကြပ် မတ်မတ် ဆောင်ရွက်မှာ ဖြစ်သလို အခုလို သံဃာ့ စည်းကမ်းထိန်းသိမ်းရေးကို ဦးစားပေးလုပ်ဆောင်သွားဖို့ အတွက်လဲ နိုင်ငံတော် သံဃာ့ နာယက စုံညီ အစည်း အဝေးနဲ့ နိုင်ငံတော် ဗဟို သံဃာ့ ဝန်ဆောင် အစည်းအဝေးကပါ သဘောတူခဲ့တယ်လို့ ဝန်ကြီးကဆိုပါတယ်။

သာသနာရေးနဲ့ ယဉ်ကျေးမူ့ဝန်ကြီး ဌာနက ပြုစုထားတဲ့ စာရင်းအရ မြန်မာနိုင်ငံမှာ သံဃာ ၅ သိန်းခန့်ရှိပြီး အဲဒီထဲက ၁၀ ရာခိုင်နှုန်းကျော်ခန့်ရှိ သံဃာ တချို့ဟာ သင်္ကန်းရဲ့ အရှိန်အဝါကို အကာအကွယ်ယူပြီး သာသနာတော်နဲ့ ဆန့်ကျင်၊ မသက်ဆိုင်သော လုပ်ရပ်များ လုပ်နေတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ဝန်ကြီးက သတင်းထောက်တွေကို ပြောဆိုထားပါတယ်။

သတင်းစာ ဆရာ ဦးစည်သူအောင်မြင့် ကတော့ ဝိနည်းနဲ့မညီတဲ့ သံဃာတော်တွေကို အရေးယူမဲ့ပုံစံက အရေးကြီးတဲ့ အကြောင်း ၊ ဥပဒေကြောင်းနဲ့ အညီ စနစ်တကျ အရေးယူရင်တော့ အကြောင်း မဟုတ်ပေမယ့် သံဃာ့ အဖွဲ့ အဆင့်ဆင့်က ကိုင်တွယ်လို့ မရမှ အာဏာစက်နဲ့ လုပ်ဖို့ ပြောလာမှာသာ ၀န်ကြီးဌာနက ၀င်ရောက် လုပ်ဆောင်မယ် ဆိုရင်တော့ အကြောင်း မဟုတ်ဘူး လို့ ဆိုပါတယ်။

ဒါ့အပြင် သံဃာတွေထဲမှာလဲ အစုအဖွဲ့၃ ဖွဲ့လောက်ရှိပြီး ရိုးရိုးသားသား အမျိုးဘာသာ သာသနာ အတွက် လုပ်ဆောင်သူ ရှိသလို့ တချို့ ကျတော့လည်း သေသေချာချာ စီစဉ်ပြီးတော့ နိုင်ငံရေး လုပ်ဆောင်တာတွေ ရှိတယ်လို့ သတင်းစာ ဆရာ ဦးစည်သူအောင်မြင့် ကပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ