ဦးပါမောက္ခ ထောင်က ပြန်လွတ်လာ

Image caption ဆရာတော် ဦးပါမောက္ခကို အားပေးဝန်းရံသူအချို့နဲ့အတူ တွေ့ရစဉ်

အမေရိကန်သံရုံးရှေ့မှာ ခွင့်ပြုချက်မပါပဲဆန္ဒပြလို့ ဖမ်းဆီးအရေးယူခံရတဲ့ ဆရာတော်ဦးပါမောက္ခဟာ ဒီကနေ့ မတ်လ ၉ ရက်နေ့မှာ အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

ဦးပါမောက္ခဟာ နိုင်ငံတော်အကြည်အညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နဲ့ အရေးယူခံရပြီး ထောင်ဒဏ် ၃ လကျခံခဲ့ရတာဖြစ်ပါတယ်။

လွတ်မြောက်လာပြီးပြီးချင်း ထောင်ရှေ့မှာပဲ ' ' အင်းစိန်ထောင်ထဲမှာ သူ့လိုအပြစ်မဲ့အကျဉ်းသားတွေ အများကြီးရှိနေပြီး သူတို့ကိုလွှတ်ပေးဖို့ အစိုးရကိုတောင်းဆိုသွားမယ်လို့'' ဦးပါမောက္ခက ပြောပါတယ်။

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ရဲ့ ဦးဆောင်သံဃာတပါးလည်းဖြစ်တဲ့ ဦးပါမောက္ခဟာ ၂၀၁၆ နှစ်က အမေရိကန်သံရုံးရှေ့မှာ မြန်မာပြည်မှာရိုဟင်ဂျာမရှိဘူးဆိုပြီး ကြွေးကျော်ဆန္ဒပြခဲ့တဲ့အတွက် ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ ဖမ်းဆီးခံခဲ့ရတာပါ။

' ' အဖြူကို အမဲ၊ အမဲကို အဖြူလုပ်တယ်။ တရားခံကို တရားလိုလုပ်တယ်။ အဲ့ဒီကိစ္စတွေကို ဖော်ထုတ်လို့ဖြစ်တယ်။ ၅၀၅ (ခ) နဲ့ ဖမ်းဆီးတာဟာ အကြောင်းပြတာပဲဖြစ်တယ်''

လို့လည်း ဦးပါမောက္ခက ဝေဖန်ပြောဆိုခဲ့ပါတယ်။

ဦးပါမောက္ခ အင်းစိန်ထောင်ကလွတ်မြောက်လာချိန်မှာ သူ့ကို ထောက်ခံအားပေးသူတချို့က ပိုစတာကိုင်ပြီး လာရောက်ကြိုဆိုခဲ့ကြပါတယ်။ ကြိုဆိုထောက်ခံသူတွေနဲ့အတူ ရွှေတိဂုံစေတီတော်ကို သွားရောက်ဖူးမျှော်ခဲ့ပြီး အကျဉ်းကျနေသူတွေလွတ်မြောက်ဖို့အတွက် ဆုတောင်းခဲ့ကြတယ်လို့ လည်း သိရပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ