Youtube ရုံးချုပ်ပစ်ခတ်တာ ဘယ်သူလဲ
Youtube ရုံးချုပ်ပစ်ခတ်တာ ဘယ်သူလဲ
ဧပြီလ ၃ ရက်နေ့ က အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် youtube ရုံးချုပ်တွင်း ပစ်ခတ်ခဲ့မှုမှာ သေနတ်သမားလို့ ယူဆရသူဟာ အသက် ၃၉ နှစ်အရွယ် နက်စီး အက်ဒမ်း ဖြစ်တယ်လို့ အမေရိကန် ရဲတာ၀န်ရှိသူတွေက အတည်ပြုပြောဆိုလိုက်ပါတယ်။
ဒီတိုက်မှုကြောင့် လူ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
အဆောက်အအုံတွင်း သေနတ်ပစ်သံတွေ ကြားရပြီးတဲ့နောက် အဲဒီမှာ လုပ်ကိုင်နေသူတွေဟာ တွစ်တာစာမျက်နှာမှာ မျှဝေခဲ့တာကြောင့် ဒီသတင်းက ချက်ချင်းဆိုသလို ပြန့်နှံသွားခဲ့တာပါ။
အဲဒီ့က အခြေအနေတွေကိုတော့ မသီဒါနွယ်က ပြောပြပေးမှာပါ။