တရုတ်ရဲ့ လေထုညစ်ညမ်းမှု လျော့ချရေး

တရုတ်ရဲ့ လေထုညစ်ညမ်းမှု လျော့ချရေး

တရုတ်နိုင်ငံရဲ့ စက်ရုံ လုပ်ငန်းတွေနဲ့ စီးပွားရေး လုပ်ငန်းတွေကြောင့် တိုင်းပြည်တွင်းလေထုညစ်ညမ်းမှုဟာ သတ်မှတ် အဆင့်ထက်ကို ကျော်လွန်နေပါတယ်။

အဆိပ်ဖြစ်စေနိုင်တဲ့ မီးခိုးငွေ့ကြောင့် တစ်နှစ်တစ်နှစ်ကို အရွယ်မတိုင်ခင် အနည်းဆုံး လူတစ်သန်းလောက် သေဆုံးနေရတယ်လို့လည်း ယူဆရပါတယ်။

ဒါပေမယ့်လည်း ဒီနှစ်ဆောင်းတွင်းကာလမှာ လေထုညစ်ညမ်းမှု နှုန်း ၅၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပါတယ်။

အဓိကကတော့ ကျောက်မီးသွေးသုံး လည်ပတ်နေတဲ့ စက်ရုံတွေကို အစိုးရက ထိထိရောက်ရောက် နှိမ်နင်းနေတာကြောင့်ဖြစ်ပါတယ်။

ဦးဘမော်က ဆက်ပြောပြပေးမှာပါ။