သေနတ်သမား လွတ်မြောက်နေလို့ ရဲက သတိပေးထား

ဓာတ်ပုံ မူပိုင် NASHVILLE POLICE DEPARTMENT
Image caption အခင်းဖြစ်ပွားခဲ့တဲ့ နေရာ

အမေရိကန် ပြည်ထောင်စု Tennessee ပြည်နယ်က Nashville မြို့ပြင်က စားသောက်ဆိုင် မှာ အဝတ်ဗလာနီးပါးရှိတဲ့ သေနတ်သမား လို့ ယူဆရသူရဲ့ ပစ်ခတ်မှု ကြောင့် လူလေးယောက် သေဆုံးသွားပါတယ်။

ဧပြီ ၂၂ ရက်နေ့က စားသောက်ဆိုင်မှာ ရှိနေစဉ် သူ့ကို ရန်မူလာလို့ ဒီသေနတ်သမားနဲ့ ၀င် နပမ်းလုံးခဲ့ပြီး သေနတ်ကို လုယုခဲ့တဲ့James Shaw ဆိုသူကတော့ သူ့ကို သူရဲကောင်း သဖွယ် ပြောဆိုမှုတွေကို ဘာမှ အရေးမကြီးသလို တုန့်ပြန်လိုက်ပါတယ်။

အင်စတာဂရမ်နဲ့ ဖေ့စ်ဘွတ်ပေါ်မှာ သူ့ကို သူရဲကောင်းလို့ ဆိုနေကြပေမယ့် တကယ်တော့ သူ့အသက်ကို သူ ကာကွယ် ခဲ့တာ ဖြစ်ပြီး အနီးအနားက လူတွေ အသက်အန္တရယ် မရှိအောင် လုပ်ခဲ့တာ ဖြစ်တဲ့ အတွက် သူ့ကို လူစွမ်းကောင်း ကြီးလို့ ထင်မသွားစေချင်ပါဘူးလို့ မစ္စတာ ရှောက ပြောပါတယ်။

ရဲတွေကတော့ မစ္စတာ ရှောရဲ့ လုပ်ရပ်ကြောင့် တခြားသူတွေ အသက်မဆုံးရှုံးတာ လို့ ဆိုပါတယ်။

မစ္စတာ ရှော ဟာ ပစ်ခတ်သူ ဆီက သေနတ်ကို လုယူနိုင်ခဲ့ပေမယ့် သေနတ်သမား ကတော့ လွတ်သွားပါတယ်။

အခုတော့ အဲဒီ သေနတ်သမားလို့ ယူဆရသူကို ရဲက လိုက်ရှာနေပြီး စိတ်မနှံ့တဲ့ Travis Reinking ဆိုသူရဲ့ လက်ထဲမှာ သေနတ်တွေ ရှိနေနိုင်သေးတယ်လို့ ရဲက သတိပေးနေပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ