လိဒ်စ် ယူနိုက်တက်စ် ပိုင်ရှင် သဘောထား
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လိဒ်စ် ယူနိုက်တက်အသင်းရဲ့ အငြင်းပွားဖွယ် မြန်မာပြည် ခရီးစဉ်

မြန်မာနိုင်ငံကို ရောက်နေတဲ့ အင်္ဂလန် ချန်ပီယံရှစ် ဘောလုံးပွဲစဉ်က လိဒ်စ် ယူနိုက်တက် ဘောလုံးအသင်းဟာ ဒီကနေ့မှာတော့ မန္တလေးမြို့က မန္တလာသီရိ အားကစားကွင်းမှာ မြန်မာ့လက်ရွေးစင်အသင်းနဲ့ ကစားခဲ့ရာမှာ ၂ ဂိုးနဲ့ ဝ နဲ့ အနိုင်ရသွားခဲ့ပါတယ်။

မေလ ၉ ရက်နေ့က ရန်ကုန်မှာကစားခဲ့တဲ့ ပွဲမှာတော့ မြန်မာ All star အသင်းက ၂ဂိုး ၁ဂိုးနဲ့ နိုင်ခဲ့တာပါ။

ရခိုင်ပြည်နယ်မှာ မွတ်ဆလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ရှိနေတယ်ဆိုပြီး မြန်မာနိုင်ကို မသွားဖို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက တားမြစ်နေတဲ့ကြားက မြန်မာနိုင်ငံ ကို လာရောက်ခဲ့တဲ့ လိဒ်စ် ယူနိုက်တက် အသင်းအပေါ် ကျင့်ဝတ်နဲ့ ပတ်သက်လို့ ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။

ဒီဝေဖန်မှုတွေကို လိဒ်စ် ယူနိုက်တက် အသင်းပိုင်ရှင်ကတော့ ငြင်းခဲ့ပြီး သူတို့ဟာ နိုင်ငံရေးသမားမဟုတ်ဘူး ဘောလုံးပဲ လာကစားတာလို့ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဘီဘီစီ သတင်းထောက် Nick Beake ပေးပို့တဲ့ သတင်းကို ဦးဘမော်ပြောပြမှာပါ။