ပါကစ္စတန် လူ့အခွင့်အရေး သမားတွေ အွန်လိုင်း တိုက်ခိုက်ခံရ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပါကစ္စတန် လူ့အခွင့်အရေး သမားတွေ အွန်လိုင်း တိုက်ခိုက်ခံရ

ပါကစ္စတန်မှာ လူ့အခွင့်အရေးလှုပ်ရှားသူတွေရဲ့အီးမေးလ်နဲ့ ဖုန်းဒေတာတွေကို ဟက်ကာတွေက တိုက်ခိုက်ခဲ့ကြတယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ အဲဒီလူတွေဆီကို ဖေ့စ်ဘုခ်အကောင့်အတုတွေနဲ့ လူ့အခွင့်အရေးကိစ္စတွေနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေ လို ပြင်ဆင်ပေးထားတဲ့ ဗိုင်းရပ်စ်ပါတဲ့အီးမေးလ်တွေ ပို့ပေးခဲ့တာလို့ ဖော်ပြထားပါတယ်။ အဲဒီ ပစ်မှတ်ထား ခံခဲ့ရသူ တဦးက ထောက်လှမ်းရေးအဖွဲ့တွေ နောက်မှာ ပါလိမ့်မယ်လို့ သူယုံကြည်တဲ့ အကြောင်း ဘီဘီစီကိုပြောခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ တုန့်ပြန်ပြောကြားတာမျိုး မရှိသေးပါဘူး။ ဘီဘီစီက ဆူကွန်ဒါ ကာမာနီရဲ့သတင်းကို ကိုထက်အောင်က ပြန်ပြောပြမှာပါ။

ဆက်စပ် အကြောင်းအရာများ