တော်ဝင်မင်္ဂလာပွဲအတွက် ပြင်ဆင်နေကြ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တော်ဝင်မင်္ဂလာပွဲအတွက် ပြင်ဆင်နေကြ

မေလ ၁၉ ရက် စနေနေ့ ကျင်းပတော့မှာဖြစ်တဲ့ မင်းသား ဟယ်ရီနဲ့သူနဲ့စေ့စပ်ထားတဲ့ မေဂဲန်မာခဲလ်တို့ရဲ့ မင်္ဂလာ ပွဲကို သတို့သမီးလောင်းရဲ့ ဖခင်ဖြစ်သူ တက်ရောက်ဖို့ မသေချာ ဖြစ်နေပါတယ်။ တောမတ်စ် မာခဲလ်က သူ့သမီး သိက္ခာ မထိခိုက်စေဖို့ ဒီမင်္ဂလာပွဲကို မတက်ရောက်လိုဘူးလို့ ကျော်ကြားသူတွေအကြောင်း တင်ပြတဲ့ သတင်းဌာန တခုကို ပြောကြား ခဲ့ပါတယ်။ သူက ပါပါရာဇီ ဓာတ်ပုံဆရာတွေအတွက်လည်း သူ့ဓာတ်ပုံရိုက်ဖို့ ခွင့်ပေးခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့အပြီး မှာ အခုသတင်း ထပ်ထွက်လာတာပါ။ ဒါကတော့ သတို့သမီးလောင်းရဲ့ ဖခင်ဖြစ်သူ နဲ့ပတ်သက်တဲ့ သတင်းတွေပါ။ တဘက်မှာလည်း ဒီမင်္ဂလာပွဲနေ့အတွက် ပြင်ဆင်နေကြသူတွေက သက်ဆိုင်ရာ မိသားစုတွေတင် မကပါဘူး။ ယူကေ တပြည်လုံးက လမ်းတွေ အသီးသီးမှာလည်း ပါတီပွဲတွေ ကျင်းပကြဖို့ ပြင်ဆင် နေကြပြန်ပါတယ်။ ကိုအောင်သွင်က ပြောပြမှာပါ။

ဆက်စပ် အကြောင်းအရာများ