မဲမသမာမှု စွဲချက်တွေကြားမှာပဲ မာဒူရို ဒုတိယအကြိမ် အနိုင်ရ

Image caption ဒုတိယ သက်တမ်း အနိုင်ရရှိ

ဗင်နီဇွဲလားနိုင်ငံမှာ ကျင်းပ ပြီးစီးခဲ့တဲ့ သမ္မတရွေးကောက်ပွဲ အပေါ် ရှုတ်ချ ပြစ်တင်တဲ့ နိုင်ငံတကာ ဝေဖန်သံတွေ ပေါ်ထွက် နေပါတယ်။

အဲဒီ ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ နီကိုးလပ်စ် မာဒူရိုပဲ အပြတ်အသတ် အနိုင်ရရှိ ခဲ့တယ် ဆိုပြီး ထုတ်ပြန် ထားပါတယ်။

ဒါဟာ မစ္စတာ မာဒူရို အတွက် သမ္မတ ဒုတိယ သက်တမ်း အနိုင်ရရှိတာ ဖြစ်ပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲကို မဲလာထည့် ခဲ့ကြတဲ့ အရေအတွက် ကတော့ ဆယ်စုနှစ် များစွာအတွင်း အနည်းဆုံး ဖြစ်ခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဗင်နီဇွဲလား တရားရုံးချုပ် တိုက်ခိုက်ခံရ

ရွေးကောက်ပွဲ အတွင်း သမ္မတ မာဒူရို ဦးဆောင်တဲ့ လက်ရှိ အစိုးရက မဲမသမာမှုတွေ ပြုလုပ် ခဲ့တယ်ဆိုပြီး အမေရိကန် အစိုးရက စွပ်စွဲ ပြောဆို နေပြီး ဗင်နီဇွဲလား အပေါ် ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်မယ်လို့လည်း ခြိမ်းခြောက် ပြောဆို နေပါတယ်။

ဗင်နီဇွဲလား နိုင်ငံ အဓိက မှီခို အားထားရတဲ့ ရေနံ တင်ပို့မှုကဏ္ဍကို ပစ်မှတ်ထား ပိတ်ပင်မယ် ဆိုပြီး အမေရိကန်က ပြောဆို နေတာဖြစ်ပါတယ်။

Image caption ရွေးကောက်ပွဲကောင်စီက မာဒူရိုကို အနိုင်ပေး

ဥရောပ သမဂ္ဂ အီးယူအဖွဲ့နဲ့ လက်တင်အမေရိက ဒေသ အဓိက နိုင်ငံတွေကလည်း ဗင်နီဇွဲလား ရွေးကောက်ပွဲကြို ကာလကတည်းက အခြေအနေတွေဟာ တရားမျှတမှု မရှိ ဖြစ်နေတယ် ဆိုပြီး တင်ကြို သတိပေးတာတွေ ပြုလုပ် ခဲ့ပါတယ်။

အခုလို သမ္မတ မာဒူရို အနိုင်ရတယ် ဆိုတဲ့ ရွေးကောက်ပွဲ ရလဒ် ထွက်လာ အပြီးမှာတော့ ချီလီနိုင်ငံက ဒီရလဒ်ကို အသိအမှတ် မပြုနိုင်ဘူးလို့ ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ငွေကြေးဖောင်းပွမှု ရာခိုင်နှုန်း ၁ သောင်းကျော်ရှိနေတဲ့ ဗင်နီဇွဲလား

ဗင်နီဇွဲလား အတိုက်ခံ နိုင်ငံရေးသမားတွေ အများစုဟာ ထောင်ကျသူကျ၊ ရွေးကောက်ပွဲကို သပိတ်မှောက်သူမှောက်နဲ့ ဝင်ရောက် ယှဉ်ပြိုင် နိုင်ခဲ့ခြင်း မရှိပါဘူး။

မစ္စတာ မာဒူရိုရဲ့ အဓိက ပြိုင်ဘက်တစ်ယောက် ဖြစ်တဲ့ အွန်ရီ ဖယ်လ်ကွန်က ရွေးကောက်ပွဲ ပြန်လုပ်ဖို့ ဆော်ဩနေပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဗင်နီဇွဲလား အတိုက်အခံ ၂ ဦး ဖမ်းဆီးခံရ

မစ္စတာ မာဒူရိုကတော့ အတိုက်အခံတွေနဲ့ကြား စကားပြော ဆွေးနွေးသွားမယ်လို့ ပြောနေပေမယ် လက်တွေ့ သဘောတူမှု တစုံတရာ ရရှိလာဖို့ မလွယ်ဘူးလို့ ဗင်နီဇွဲလား မြို့တော် ကာရာကပ်စ်မှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ